နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်နေတာကို ရပ်တန့်ဖို့ အလေးထားဖြေရှင်းရမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေး ရေရှည်တည်တံ့ ခိုင်မာတဲ့ အဖြေတစ်ခု ထွက်လာဖို့နဲ့ စစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်နေတာကို ရပ်တန့်ဖို့ အလေးထား ဖြေရှင်းရမယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၁၂) ရက်နေ့က နယူးယောက်မြို့မှာကျင်းပတဲ့ (၇၈) ကြိမ်မြောက် ကုလညီလာခံရဲ့ ဥပဒေရေးရာကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာကို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားတာပါ။
စစ်တပ်ဟာ မတရားစစ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်သူ (၄၁၀၀)ကျော်ကို သတ်ဖြတ်ခဲ့ကာ (၁.၇)သန်းခန့် ပြည်သူတွေဟာ စစ်တပ်ရဲ့ အဆင်အခြင်မဲ့ တိုက်ခိုက်တာတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းခန့်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာလည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို မတရား သေဒဏ်စီရင်ခဲ့ကာ အိုးအိမ် (၇၅၀၀၀)ကျော်မှာ မီးရှို့ဖျက်ဆီးတာ ဒါမှမဟုတ် ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တာတွေအတွက် ခိုင်မာတဲ့ သက်သေအထောက်အထားတွေကို ရရှိထားပြီးဖြစ်ကာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေ‌အနေကို ICC ကို လွှဲပြောင်းတင်သွင်းသင့်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေကို ချမှတ်ဖို့ ပျက်ကွက်တာက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တာတွေ ဆက်လက်ကျူးလွန်ဖို့ စစ်တပ်ကို သွယ်ဝိုက်ပြီး ခွင့်ပြုပေးတာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒ မျှော်မှန်းချက်တွေကို လေးစားဖို့နဲ့ တာဝန်မပျက်ကွက်ဖို့အပြင် တရားမျှတမှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်သူတွေကို ချန်လှပ်မထားဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 67 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 57 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 71 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 53 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို