နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကော်သူးလေနယ်မြေမှာ စစ်ရှောင်ပြည်သူ (၇) သိန်းကျော်အထိ ရှိလာပြီလို့ KNU ထုတ်ပြန်

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ဘေးရှောင်ပြည်သူ (၇၁၇၆၂၇)ဦးအထိရှိလာပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


ကော်သူးလေနယ်မြေထဲက သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ထား၀ယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖော်တာတွေနဲ့ နှစ်ဖက်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေ ထပ်တိုးလာခဲ့တာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နေရာထိုင်ခင်းအခက်အခဲတွေ၊ စားနပ်ရိက္ခာမလုံလောက်တာတွေနဲ့ ဆေးဝါးမလုံ‌လောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

KNU ဗဟိုက စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၅၄၄၉၄)စုက လူဦးရေ (၂၆၉၆၃၁)ဦးအတွက် ထိုင်းဘတ် (၉) သန်းခန့်ကျသင့်တဲ့ အခြေခံစားသောက်ကုန်နဲ့ လိုအပ်ချက်တွေကို ကူညီပေးခဲ့ပေမယ့် ထောက်ပံ့မှုမရရှိသေးတဲ့ စစ်ရှောင်တွေအတွက် ကူညီထောက်ပံ့ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာတွေကို အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုလည်း ဆက်လက်ကျူးလွန်နေကာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ KNU က ပြောပါတယ်။

စက်တင်ဘာလကလည်း ဒူးပလာယာခရိုင်မှာ တိုက်ပွဲပေါင်း (၅၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဘက်က (၇၉)ဦးသေဆုံးပြီး (၄၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသမှာ အရန်အင်အားစုဆိုပြီး မဖြစ်မနေ စစ်ပညာသင်တန်းတက်ရောက်ရမယ်လို့ ကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 15 Views
‌ဧပြီလ (၂၅)ရက်။ ယောဒေသမှာ အရန်အင်အားစုတွေအနေနဲ့ အသက် (၁၈)နှစ်ကနေ (၃၀)နှစ်ထဲရှိသူတွေ မဖြစ်မနေ စစ်ပညာသင်သင်တန်း တက်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရေစကြိုမှာ ကျေးရွာတွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 34 Views
ဧပြီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က ရေစကြိုမြို့နယ်မှာ ခလရ(၂၅၈)တပ်ကို သွားတဲ့လမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 34 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ တောင်ပိုင်းကရင်ပြည်နယ်မှာ တတိယလှိုင်းစစ်ဆင်ရေးလုပ်ဖို့ ကေအင်ယူက စတင်နေပြီလို့ ကေအင်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကော့ကရိတ်နဲ့
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 28 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာကြောင့် အခြေအနေ မကောင်းတော့ ဘူးဆိုတာ သိလာတာတဲ့အတွက် ဘုရားသုံးဆူကို ကြိုတင်ဂွင်ပြောင်းခဲ့တာကို
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 30 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 28 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့