မိုခါကြောင့် လမ်းပျက်ကို ပြုပြင်နေစဥ် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်နဲ့ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်စံပြကျေးရွာ တောင်ဘက်လမ်းပိုင်းကို မေလ (၂၉) ရက် မွန်းလွဲပိုင်းက ဒေသခံများက ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။ အဲဒီလိုပြုပြင်နေစဥ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။...