အိန္ဒိယက ပါကစ္စတန်လေတပ်စခန်း ၃ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်မှု စတင်နေပြီဟု ပါကစ္စတန်က ပြောသည်။
မေလ (၁၀) ရက်။ အိန္ဒိယ၏ တိုက်ခိုက်မှုအပြီးတွင် နိုင်ငံ၏လေတပ်ပိုင်ဆိုင်မှုများ ဘေးကင်းကြောင်း ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံအတွင်းရှိ လေတပ်စခန်းသုံးခုကို စနေနေ့က အိန္ဒိယမှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားခဲ့ပြီး အိန္ဒိယအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုများကို...