တအာင်းဒေသထဲ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အပေါ် အရပ်ဖက်အဖွဲ့အစည်းတွေ အပြင်းအထန် ကန့်ကွက်ရှုတ်ချ
ဩဂုတ်လ (၂၀)ရက်။ စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တအာင်းပြည်နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နေတဲ့ ဒေသတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ရှုံ့ချတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လေယာဉ်အသုံးပြုပြီး ကျေးရွာတွေ၊ မြို့လယ်ခေါင်နေရာတွေ၊...









