သပိတ်ကျင်းမြို့ စစ်ကောင်စီရဲ့ ဖော့တောလမ်းဆုံစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA ထုတ်ပြန်
ဩဂုတ်လ (၁၈)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့ ညနေပိုင်းက သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီရဲ့ ဖော့တောလမ်းဆုံစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ ဖော့တောလမ်းဆုံစခန်းဟာ မိုးကုတ်-သပိတ်ကျင်း-မန္တလေးလမ်းပိုင်းမှာတည်ရှိကာ TNLA၊ မိုးကုတ်ဗျူဟာနဲ့ PLA...