နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

1027 Operations

1027 Operations မြန်မာသတင်း

မြန်မာမှာ တရုတ်စီမံကိန်း (၅၃)ရာခိုင်နှုန်းကျော်ကို EAOs တွေ ထိန်းချုပ်ထားနိုင်ပြီဖြစ်

ဩဂုတ်လ (၂၁)ရက်။

မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ စီမံကိန်း (၅၃)ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင်(EAOs)တွေ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ တကောင်းနီကယ်စက်ရုံ၊ Alpha ဘိလပ်မြေစက်ရုံ၊ ဆင်းရွှေလီ (၂) သကြားစက်ရုံ စတာတွေကို NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDFs)တွေက ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရ အထိအခိုက်မခံတဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စခန်းတွေရှိရာ မြို့တွေကိုပါ PDFs တွေက ၀င်တိုက်တာ၊ အပြန်အလှန် တိုက်ပွဲဖြစ်တာနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ဖို့ စတာတွေဟာ တရုတ်ကို စိတ်ပူစေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် “ ၁၀၂၇ စစ်ဆင်ရေး” အလွန်မှာ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတန်ဖိုးရဲ့ (၉၁)ရာခိုင်နှုန်းကို EAOs တွေက ထိန်းချုပ်ထားတယ်လို့ ရေးသားထားပါတယ်။

လားရှိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်က သိမ်းပိုက်လိုက်တာဟာ တရုတ်ထိပ်တန်းခေါင်းဆောင်ပိုင်းအဆင့်အထိ မြန်မာအကျပ်အတည်း အဖြေရှာဖို့ အရေးတကြီး တွန်းအားဖြစ်စေတယ်လို့ ပြောဆိုထားပါတယ်။

ရှမ်းမြောက်ဒေသက စစ်ပွဲတွေဟာ တရုတ်အစိုးရအတွက် နယ်စပ်တည်ငြိမ်ဖို့သာမက တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ မြန်မာနိုင်ငံက တဆင့်ခံတဲ့ မဟာဗျူဟာကုန်သွယ်ရေးနဲ့ စီမံကိန်းတွေကို ရိုက်ခတ်တာတွေရှိတယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။

တရုတ်အစိုးရကပြုလုပ်တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲကို စစ်ကောင်စီနဲ့ ညီနောင် (၃)ဖွဲ့တို့က စိတ်မ၀င်စားတာကြောင့် မအောင်မြင်တော့တဲ့အတွက် အပစ်ရပ်စဲရေးဆိုတဲ့ အကန့်အသတ်ကို ကျော်လွန်ကာ တတိုင်းပြည်လုံးအတွက်ပါ အကျုံး၀င်တဲ့ လမ်းကြောင်းမျိုးကို ဆွေးနွေးလာတာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းမယ့် လုပ်ငန်းစဉ်ဗျူဟာမှန်သမျှဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့ ဝေးကွာတာမရှိစေဖို့နဲ့ ပါ၀င်သင့် ပါ၀င်ထိုက်သူတွေ ပါ၀င်ဖို့ဆိုတဲ့ မဟာဗျူဟာ လိမ္မာမှုနဲ့ လိုအပ်လုံလောက်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုရှိမှသာ အောင်မြင်မယ်လို့ ISP-Myanmar ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 18 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 17 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 17 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 16 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 15 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 34 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 32 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 37 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့