တအာင်းပြည်ထဲ စာသင်ကျောင်းတွေအတွက် ဆရာ/ဆရာမသစ်တွေ TLEC ခေါ်ယူနေ
ဖေဖော်ဝါရီလ (၂၁)ရက်။ တအာင်းပြည်ထဲရှိ အခြေခံပညာစာသင်ကျောင်းတွေအတွက် လိုအပ်နေတဲ့ ဆရာ/ဆရာမတွေကို ခေါ်ယူနေတယ်လို့ တအာင်းပြည်ပညာရေးကောင်စီ(TLEC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တအာင်းပြည်ထဲက အခြေခံစာသင်ကျောင်းတွေမှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့အတွက် ဆရာ/ဆရာမတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။...