နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်ဟု ပြင်သစ်သမ္မတမက်ခရွန်းပြော

ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်အောင် ၂ ကြိမ်ဆက်တိုက်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဒက်ချမ့်စ်ကို စာချုပ်သစ်ချုပ်ဆိုစေချင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲအဆင့်ကို ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။

ပြင်သစ်အသင်းရဲ့ အောင်ပွဲအတွက် သမ္မတမက်ခရွန်းကိုယ်တိုင် အဝတ်လဲခန်းအထိ လာရောက်ဂုဏ်ပြု သွားခဲ့ပြီး နည်းပြဒက်စ်ချမ့်စ်ကို စာချုပ်သစ် ဆက်လက်ချုပ်ဆိုစေချင်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သမ္မတမက်ခရွန်းက “ပြင်သစ်အသင်းက မျိုးဆက်ပေါင်းများစွာနဲ့ စုစည်း တည်ဆောက်ထားပေမယ့် အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့အတွက် ကျတော့်အနေနဲ့ နည်းပြကြီး ဒက်ချမ့်စ်ကို ကျေးဇူးတင်ပါတယ်။ ဒက်ချမ့်စ်ကြောင့် ပြင်သစ်အသင်းဟာ အဓိကပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့သလို အနိုင်ရဗိုလ်စွဲအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ပြင်သစ်ဘောလုံးအသင်းဟာ ကျတော်တို့တဲ့ အမြဲတမ်းဂုဏ်ယူရတဲ့အသင်းဖြစ်သလို နည်းပြကြီးဒက်ချမ့်စ်လည်း ဆက်ရှိနေဖို့ လိုအပ်ပါတယ်” လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နည်းပြဒက်ချမ့်စ်ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားအဖြစ် ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရယူပေးနိုင်ခဲ့သလို နည်းပြဘ၀မှာလည်း ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၂ ကြိမ်နဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲအထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 33 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဗန်စ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ‘အချို့အရာတွေကို မှားယွင်းလုပ်ဆောင်ခဲ့တယ်’ ဟု ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 33 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွင်း မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မကြာသေးမီ သီတင်းပတ်များအတွင်း တင်းမာလာပုံရချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သည် “ အချို့အရာတွေကို အသေအချာပဲ မှားယွင်းလုပ်ဆောင်ခဲ့တာ ရှိပါတယ်” ဟု
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်တွင် အဓိကကျသော လျှို့ဝှက်ကတိကဝတ်များ ပါဝင်ခြင်း မရှိဟုဆိုကာ စာသားပါအချက်အလက်များကို အမေရိကန်အရာရှိများ လျှော့ချပြောဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက် ဝါရှင်တန်နှင့် တဟီရန်တို့အကြား ရရှိထားသော သဘောတူညီချက်ပါ တိကျသည့် စာသား အသုံးအနှုန်းများ၏ အရေးပါမှုကို လျှော့ချပြောဆိုနေကြသော်လည်း၊ အမေရိကန် ညှိနှိုင်း ရေးမှူးများသည် အဆိုပါသဘောတူညီချက်
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ၁၄ ချက်ပါ ငြိမ်းချမ်းရေးစီမံကိန်း (ဝေဖန်ဆန်းစစ်ချက် မှတ်စုများနှင့်တကွ)

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာ (MOU) သည် အပစ်အခတ်ရပ်စဲရေးကို ပိုမိုကျယ်ပြန့်စေရန်နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေကြောင်းသွားလာမှု ပြန်လည်ပတ်စေရန် ရည်ရွယ်သည်။