နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

ဥရောပ

ဥရောပ

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် (၂)

ပြင်သစ် – မော်ရိုကို

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းအနေနဲ့ မော်ရိုကိုနဲ့ ရင်ဆိုင်ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ဖို ရေးပန်းစားနေပါတယ်။ ပြင်သစ်အသင်းအနေနဲ့ မော်ရိုကိုအသင်းကို အနိုင်ရခဲ့မယ်ဆိုရင်တော့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ဗိုလ်လုပွဲအဆင့်ကို ဒုတိယအကြိမ်မြောက်တက်ရောက်နိုင်မယ့်အသင်းဖြစ်လာမှာပါ။

မော်ရိုကိုအသင်းကတော့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးတက်ရောက်ခွင့်ရတဲ့ အသင်းဖြစ်ပြီး သူတိုအနေနဲ့ သမိုင်းဝင်အောင်မြင်မှုကို ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ မော်ရိုဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခံစစ်အကောင်းဆုံး အသင်းဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ပြိုင်ဘက်အသင်းတွေရဲ့ ဂိုးသွင်းယူခြင်းမခံရသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ မော်ရိုကို အသင်းရဲ့ ပေးဂိုး ၁ ဂိုးက ကနေဒါအသင်းနဲ့ပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာပါ။ ဒါကြောင့် ခံစစ်အားကောင်းတဲ့ မော်ရိုကိုအသင်းကို ပြင်သစ်အသင်းက ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ပြင်သစ်

ပြင်သစ်အသင်းမှာ ဒဏ်ရာပြဿနာလုံး၀မရှိလို မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ အတောင့်တင်းဆုံးပုံစံနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ ဂီရော့ဒ်ကို အထောင်ထားပြီး အမ်ဘာပီ၊ ဒမ်ဘီလီတိုရဲ့ တောင်ပံတိုက်စစ်တွေနဲ့ ကွင်းလယ်မှာ ဂရစ်ဇ်မန်းက Playmaker အဖြစ် ပွဲထွက်လာဦးမှာဖြစ်ပါတယ်။

ပြင်သစ်နည်းပြ ဒက်ချမ့်စ်ရဲ့ ကွင်းလယ်မှာလည်း အရင်ပွဲတွေကလို အပြောင်းအလဲမရှိဘဲ ချူအာမန်နီ၊ ရာဘီယော့တိုကိုပဲ မြင်တွေ့ရဖွယ်ရှိနေပါတယ်။


မော်ရိုကို


မော်ရိုကိုအသင်းမှာ ပေါ်တူဂီနဲ့ပွဲတုန်းက အနီကတ်ထိခဲ့တဲ့ ဝါလီချီဒီရာ ပါဝင်နိုင်မှာမဟုတ်သလို အဓိက ခံစစ်မှူး ၂ ဦးဖြစ်တဲ့ အသင်းခေါင်းဆောင် ရိုမိန်းဆိုက်နဲ့ နာယက်အဂတ်ဖ်တို ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်နိုင်ဖွယ် မရှိပါဘူး။ တိုက်စစ်မှာ အန်နာဆီရီ၊ ဘူဖယ်၊ ဇီယက်တိုနဲ့အတူ ကွင်းလယ်က အမ်မရာဘတ် ၊ အမ်မာလာတို ပွဲထွက်လာဦးမှာပါ။


ပွဲကြိုသုံးသပ်ချက်


ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ဆုံး ၉ ပွဲမှာ တစ်ပွဲသာ ရှုးထားတာပါ။ အဲဒီ ၉ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲက တစ်ပွဲသာရှိခဲ့သလို အခု ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ထက်မြက်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပါတယ်။ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ကွင်းလယ်ဖန်တီးရှင်အဖြစ် ထားကစားတဲ့ နည်းပြဒက်ချမ့်စ်ရဲ့ နည်းဗျူဟာ အခင်းအကျင်းက အတော်လေးကောင်းမွန်နေတာတွေ့ရတယ်။


မော်ရိုကိုအသင်းကတော့ ခံစစ်ပိုင်းအားကောင်းပြီး မာမာထန်ထန်ကစားတတ်တဲ့အသင်းဆိုပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်မှာ ခြေစွမ်းပြခဲ့ကြတဲ့ အသင်းခေါင်းဆောင် ရိုမိန်းဆိုက်နဲ့ အဂတ်ဖ်တို ဒဏ်ရာရနေတဲ့အနေအထားက ဒီပွဲမှာ ခံစစ်ပိုင်းလုံခြုံအောင် ကစားနိုင်ဖို ခဲယဉ်းနိုင်ပါတယ်။

ပြင်သစ်အသင်းရဲ့ ထက်မြက်တဲ့တိုက်စစ်ကြောင့် မော်ရိုကိုအသင်း အခက်တွေ့ရဖွယ်ရှိနေပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သရေခံကစားဖိုတောင် ခဲယဉ်းနိုင်ပါတယ်။


ဒါကြောင့် ကမ္ဘာ့ဖလားလက်ရှိချန်ပီယံပြင်သစ်အသင်းအနေနဲ့ မော်ရိုကိုကို မိနစ်၉၀ အတွင်း အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို သေချာတယ်လိုပဲ ဆိုချင်ပါတယ်။


ခန့်မှန်းချက် ( ပြင်သစ် ၃-၁ မော်ရိုကို)

Era’sEyes/Sport Focus

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 39 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့်
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 92 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 119 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 214 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 194 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.38K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 884 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 170 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို