နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

အမေရိကန်

အမေရိကန်

ရုရှားက အမေရိကန်ကို ဝေဟင်ပစ်ဒုံးကျည်များ ယူကရိန်းကို ပေးမည့်အပေါ် သတိပေး

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ယူကရိန်းနိုင်ငံသို့ ခေတ်မီဆန်းပြားသော လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ပေးပို့ရန် အမေရိကန်က စီစဉ်နေကြောင်း သတင်းများကို အတည်ပြုပါက ထိုကိစ္စအတွက် မော်စကိုကနေ တုံ့ပြန်မှုတစ်ခု ဖြစ်လာနိုင်တယ်ဟု သတိပေးခဲ့သည်။


ယူကရိန်းသို့ Patriot မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ထောက်ပံ့ပေးမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယူကရိန်းစစ်ပွဲတွင် “ အမေရိကန်သည် ထိထိရောက်ရောက် ပါဝင်လာနေသည့်အဖွဲ့ဝင် ဖြစ်လာပြီ” ဟု အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှားစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်း စစ်တပ်အနေနှင့် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုတွေကို တွန်းလှန်ရာမှာ ကူညီရန် ခေတ်အမီဆုံး မြေပြင်မှ ဝေဟင်ပစ် ပက်ထရော့ဒုံးကို ပေးမည်ဟုသတင်းထွက်ပေါ်လာခဲ့သည်။

ယင်းကဲ့သို့ ခေတ်မီဆန်းပြားသော လက်နက်များ လွှဲပြောင်းခြင်း အပါအဝင် အမေရိကန် စစ်ဘက်ဆိုင်ရာ အကူအညီ ပမာဏ တိုးပွားလာခြင်းသည် “ရန်လိုမှုများတွင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ပိုမိုကျယ်ပြန့်စွာ ပါဝင်ပတ်သက်မှုကို ဆိုလိုပြီး ဖြစ်နိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်” ဟု Zakharova က ပြောကြားခဲ့သည်။ မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်ဆိုသည်ကိုတော့ သတ်သတ်မှတ်မှတ် ပြောကြားခဲ့ခြင်း မရှိပါ။


ယူကရိန်းနိုင်ငံသို့ ပက်ထရော့ဒုံးကျည် ဘက်ထရီများ ပေးပို့ရန် ဝါရှင်တန်က အတည်ပြုရန် အသင့်ရှိကြောင်း အမေရိကန် တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး၊ နောက်ဆုံးတွင် ယူကရိန်းခေါင်းဆောင်များထံမှ အရေးတကြီး တောင်းဆိုမှုတစ်ရပ်ကို သဘောတူညီခဲ့ပြီး နိုင်ငံ၏ အရေးပါသော အခြေခံအဆောက်အအုံ အများအပြားကို ထိခိုက်စေခဲ့သည့် ရုရှားဒုံးကျည်များကို ပစ်ချရန် ပိုမိုအားကောင်းသည့် လက်နက်များရရှိရန် အရေးပေါ်တောင်းဆိုမှုကို ပြုလုပ်ခဲ့သည်။ ထိုပေးအပ်မှုကို အမေရိကန်အစိုးရမှ မကြာခင်မှာ တရားဝင်ကြေညာမည်ဟု မျှော်လင့်နိုင်သည်။


(ဘာသာပြန်သူ မှတ်ချက်။ ။ ပက်ထရော့ဘက်ထရီတွင် ဒုံးကျည်မည်မျှရှိသနည်း။ လောင်ချာရှစ်ခုရှိသည်။ ပက်ထရော့ ဘက်ထရီ တစ်ခုစီတွင် ဒုံးကျည်ကြားဖြတ် ကိရိယာလေးခု၊ မြေပြင်ရေဒါတစ်ခု၊ ထိန်းချုပ်ရေးစခန်းတစ်ခုနှင့် မီးစက်တစ်ခုအထိ တပ်ဆင်နိုင်သည့် လောင်ချာရှစ်ခုပါ ရှိသည်။)


Patriot ဘက်ထရီတစ်လုံးသည် ၎င်းအား လည်ပတ်ထိန်းသိမ်းရန် တပ်ဖွဲ့ဝင် (၉၀) ခန့် လိုအပ်နိုင်ပြီး ၎င်းကိုလည်ပတ်ရန် အတွက် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ခြင်းသည် သမ္မတဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအတွက် ရည်ရွယ်ချက် မဟုတ်သောကြောင့် ရှုပ်ထွေးသောစနစ်အား ပံ့ပိုးပေးရန် အမေရိကန်က လပေါင်းများစွာ ဝန်လေးနေခဲ့သည်။


ယူကရိန်းနိုင်ငံသားများကို လေ့ကျင့်ပေးသည့်စနစ်ကို အသုံးပြုရန် အမေရိကန် စစ်မှုထမ်းများ ရှိမနေခြင်းလျှင်ပင် ဒုံးကျည်များ ဖြန့်ကျက်ခြင်းသည် ရုရှားကို နှောင့်ယှက်ခြင်း သို့မဟုတ် ပစ်ခတ်လိုက်သော ဒုံးကျည်သည် ရုရှားနိုင်ငံတွင်းသို့ ထိမှန်နိုင်ပြီး ပဋိပက္ခ ပိုမို ပြင်းထန်လာမည်ကို စိုးရိမ်မှုများ ရှိနေသေးသည်။


Patriot စနစ်များ ပေးပို့ခြင်းဆိုင်ရာ အစီရင်ခံစာများ မထွက်ပေါ်လာမီကပင် သမ္မတ ဗလာဒီမာပူတင် ဦးဆောင်သည့် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်အကြီးအကဲ Dmitry Medvedev က Patriots များ ယူကရိန်းသို့ နေတိုးအဖွဲ့သားများနှင့်အတူ ဝင်ရောက်လာပါက ၎င်းတို့သည် ချက်ချင်းဆိုသလို ကျွန်ုပ်တို့၏ လက်နက်ကိုင် တပ်များအတွက် တရားဝင်ပစ်မှတ်ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။


Kremlin သည် အဆိုပါ ခြိမ်းခြောက်မှုကို သဘောတူလက်ခံခြင်းရှိမရှိ ဗုဒ္ဓဟူးနေ့တွင် မေးမြန်းရာတွင် Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဟုတ်ကဲ့ဟု ဖြေကြားခဲ့သော်လည်း ယူကရိန်းနိုင်ငံသို့ Patriot ပို့ဆောင်မှုကို အမေရိကန်မှ တရားဝင်မကြေညာမီအထိ အသေးစိတ် မှတ်ချက်ပေးခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။


အိမ်ဖြူတော်နှင့် ပင်တဂွန်ခေါင်းဆောင်များက ယူကရိန်းအား နောက်ထပ်လေကြောင်းရန်ကာကွယ်ရေးများ ပေးအပ်ခြင်းသည် ဦးစားပေးဖြစ်ကြောင်းနှင့် Patriot ဒုံးကျည်များကို အချိန်အတော်ကြာ ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။ ဆောင်းရာသီဝင်လာပြီးနောက် ယူကရိန်းနိုင်ငံရှိ အရပ်ဘက်အခြေခံအဆောက်အအုံများကို ရုရှား၏ဗုံးကြဲ တိုက်ခိုက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ ယင်းအချက်ကို ထည့်သွင်းစဉ်းစားရန် ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ယူကရိန်းနိုင်ငံ၏ စွမ်းအင်စနစ်သည် “လျှပ်စစ်ဓာတ်အား သိသိသာသာ ပြတ်တောက်လာခြင်း”ကို ကြုံတွေ့နေရကြောင်းနှင့် အပူချိန်သည်ရေခဲအမှတ်အောက် သို့မဟုတ် အေးခဲနေသော နိုင်ငံ၏ အချို့နေရာများတွင် အရေးပေါ် လျှပ်စစ်ပေးမှုများကို ရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။


ရုရှား၏တိုက်ခိုက်မှုကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးရခြင်းနှင့် နှင်း၊ ရေခဲနှင့် လေပြင်းများ အပါအဝင် ပြင်းထန်သော ရာသီဥတုအခြေအနေများနှင့်တပေါင်းတည်းပြည်သူများခံစားနေရကြောင်း နိုင်ငံပိုင် ဂရစ်အော်ပရေတာ Ukrenergo က Facebook တွင် သတိပေးထားသည်။


မြို့တော် Kyiv တွင် အမြင့်ဆုံးအပူချိန်သည် သီတင်းပတ်ကုန်တွင် အအေးလွန်ကဲသော ရာသီဥတုထက် ကျော်လွန်နိုင်သည်ဟု ခန့်မှန်းရပြီး လာမည့်သီတင်းပတ်အစောပိုင်းတွင် ပိုမိုအေးလာမည်ဟု ခန့်မှန်းထားသည်။


ယူကရိန်းသမ္မတရုံး၏ လက်ထောက်အကြီးအကဲ Kyrylo Tymoshenko က ယူကရိန်းတောင်ပိုင်း Kherson မြို့သည် ကြာသပတေးနေ့တွင် ရုရှ၏ ပစ်ခတ်မှုအပြီးတွင် ပါဝါလုံးဝ မရှိတော့ကြောင်း Telegram တွင် ရေးသားဖော်ပြခဲ့ပြီး တိုက်ခိုက်မှုများတွင် လူနှစ်ဦးသေဆုံးကြောင်း သိရှိရကြောင်း ပြောကြားခဲ့သည်။


မြို့တော် Korabelny ခရိုင်ရှိ အရေးပါသော အခြေခံအဆောက်အဦတစ်ခုအား ပြင်းထန်စွာ ပစ်ခတ်မှုမှာ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ ဒေသစံတော်ချိန်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆောက်အအုံမှ မီတာ (၁၀၀) အကွာတွင် ရုရှားကျည်များ ထိမှန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။


ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် နိုင်ငံတစ်ဝှမ်းရှိ အရပ်ဘက်အခြေခံ အဆောက်အအုံများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားခုနစ်ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း သမ္မတရုံးမှ ကြာသပတေးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ သိရသည်။
Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းအသုံးပြုခွင့်ရရန် အီရန် ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လည်ထုတ်ပေးရန် အီရန်က တောင်းဆို နေကြောင်း အစိုးရတစ်ပိုင်းဖြစ်သော ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 107 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 90 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ (Pastor Ezra Jin Mingri) တို့အား ထောင်မှလွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ တရုတ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 81 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of