နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

နည်းပညာ

နည်းပညာ သိပ္ပံ

ဟိုက်ဒရိုဂျင်လောင်စာသုံးကားများ ထွက်ပေါ်လာတော့မလား

SAYUMI TAKE, NIKKEI
တိုယိုတာနှင့် ထိုင်းနိုင်ငံ CP GROUP သည် ဟိုက်ဒရိုဂျင်လောင်စာ စီမံကိန်းအတွက် မိတ်ဖက်လက်တွဲခဲ့သည်။ လျှပ်စစ်ကား ထုတ်လုပ်သူ TESLA နှင့် တရုတ် BYD တို့သည် ဈေးကွက်ထဲသို့ ဝင်ရောက်လာသော်လည်း လျှပ်စစ်ကားများ ထုတ်လုပ်ခြင်းသည် ထိုဝင်ရောက်လာသူများကိုသာ ရွေးချယ်စရာ တစ်ခုတည်းသောလမ်း အဖြစ်သတ်မှတ်၍ မရနိုင်ဟု ဂျပန် ကားထုတ်လုပ်သူက ပြောသည်။


တိုယိုတာ-ဂျပန်ကားထုတ်လုပ်သူမှ လျှပ်စစ်ကားများသည် ကာဗွန်ထုတ်လုပ်မှု လျော့ချရေးအတွက် တစ်ခုတည်းသော ရွေးချယ်စရာ လမ်းမဟုတ်ကြောင်း အခိုင်အမာပြောကြားပြီး လယ်ယာအမှိုက်များကို ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားများ အတွက် လောင်စာအဖြစ် ပြောင်းလဲပေးမည့် ပရောဂျက်တစ်ခုတွင် TOYOTA MOTOR သည် ထိုင်းလုပ်ငန်းစု ဖြစ်သည့် CHAROEN POKPHAND GROUP နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။


တရုတ်၏ BYD နှင့် TESLA အပါအဝင် ပြိုင်ဖက်များ လျှပ်စစ်ကားများဆီသို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲလာနေသည့်ကြားမှ ဂျပန်ကား ထုတ်လုပ်သူသည် ၎င်း၏လက်ရှိအခြေအနေကို တိုးချဲ့လုပ်ဆောင်ရန်အတွက် ဤသဘောတူညီချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။ CP အုပ်စုသည် စီးပွားရေးဝင်ငွေအားဖြင့် ထိုင်းနိုင်ငံ၏ အကြီးဆုံးစီးပွားရေး လုပ်ငန်းအုပ်စုဖြစ်ပြီး လက်လီ၊ ဖြန့်ဖြူးရေးနှင့် စိုက်ပျိုးရေးအပါအဝင် ကျယ်ပြန့်သောစက်မှုလုပ်ငန်းအမျိုးမျိုးတွင် လုပ်ကိုင်လျက်ရှိသည်။
ကော်ပိုရိတ်ကုမ္ပဏီကြီးနှစ်ခုက ၎င်းတို့သည် လယ်ယာစွန့်ပစ်ပစ္စည်းများမှ ဇီဝဓာတ်ငွေ့ကို အသုံးပြု၍ ဟိုက်ဒရိုဂျင် ထုတ်လုပ်ခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ/CP GROUP အကြီးတန်းဥက္ကဌ DHANIN CHEARAVANONT (ဘယ်) နှင့် တိုယိုတာမော်တာအမှုဆောင်အရာရှိချုပ် အာကီအိုတိုယိုဒါ
(တိုယိုတာမော်တာမှဓာတ်ပုံ)

ဤဟိုက်ဒရိုဂျင်ကို ၎င်း၏ပို့ဆောင်ရေး ထရပ်ကား အသစ်များတွင် လောင်စာဆဲလ်များအဖြစ် အသုံးပြုမည်ဖြစ်ပြီး ကာဗွန်ထုတ်လွှင့်ခြင်းမှ လျော့ချမည်ဖြစ်သည်။


တိုယိုတာ၏ စီအီးအို အာကီအိုတိုယိုဒါက ဖက်စပ်လုပ်ငန်းကို ဆွေးနွေးတင်ပြသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကုမ္ပဏီ၏ ကျယ်ပြန့်သော အစားထိုးစွမ်းအင်သုံး မော်တော်ကားများ ထုတ်လုပ်ရေးမူဝါဒကို ထပ်လောင်းပြောကြားခဲ့ပြီး မတူညီသော ဈေးကွက်များတွင် ကာဗွန် ဓာတ်ငွေ့ထုတ်လွှတ်မှု ဖြတ်တောက်ရန် ကွဲပြားခြားနားသောလမ်းများကို ရွေးချယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းတင်ပြခဲ့သည်။ ဤရပ်တည်ချက်သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေပြီး လျှပ်စစ်ကားများ အသုံးပြုမှုကို နှေးကွေးစေခြင်းအဖြစ် ရင်းနှီးမြုပ်နှံသူအချို့ထံမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။


“ဒီပရောဂျက်ဟာ ထိုင်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချဖို့ ကျွန်တော်တို့အားလုံး ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားနေခြင်းဖြစ်ပါတယ်” ဟု မစ္စတာ တိုယိုဒါက ပြောကြားခဲ့သည်။ ကာဗွန်လျော့ချရေးအတွက် ရွေးချယ်မှုများကို ကန့်သတ်ခြင်းမပြုရန် ၎င်းက သတိပေးခဲ့သည်။ “အခုအချိန်ဟာ ရွေးချယ်စရာများ များပြားကျယ်ပြန့်လာရန် အချိန်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ ” ကာဗွန်လျော့ချရေးနဲ့ပတ်သက်ရင် ထိုင်းသုံးစွဲသူများအတွက် ရွေးချယ်စရာတွေ ပိုရှိဖို့လိုအပ်တယ်” ဟု ဆိုသည်။


“ လျှပ်စစ်ကား EV များသည် အရေးကြီးသော ကာဗွန်လျော့ချရေးအတွက် ဖြစ်သော်လည်း တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ပါ။ ထိုင်းပရောဂျက်ကို စမ်းသပ်မှုတစ်ခု” အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာတိုယိုဒါက ပြောကြားခဲ့ပြီး “ ရွေးချယ်စရာနည်းလမ်းများကို ချဲ့ထွင်ပြီး အခြားနိုင်ငံများတွင် ၎င်းနည်းလမ်းကို အကောင်အထည်ဖော်ရန် မျှော်လင့်တယ်” ဟု ဆိုသည်။ အမှုဆောင်အရာရှိချုပ်သည် လက်ရှိ ထိုင်းနိုင်ငံ၌ ရှိနေပြီး ယခုသီတင်းပတ်ကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် (၂၅) နာရီကြာ မော်တော်ယဉ်ကြံခိုင်စွမ်းရည် ပြိုင်ပွဲတွင် သူ၏ကုမ္ပဏီမှ ယှဉ်ပြိုင်လျက်ရှိသည်။


၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တိုယိုတာနှင့် CP တို့သည် ချိတ်ဆက်မှုနည်းပညာကို အသုံးပြုခြင်းဖြင့် သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုထိရောက်စေရန် နည်းလမ်းများကို လေ့လာမည်ဖြစ်သည်။


ဖက်စပ်လုပ်ငန်းတွင် ပါဝင်သူများသည် CP ၏သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းကို တာဝန်ယူထားသည့် TRUE LEASING နှင့် CP ၏ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းအများစုကို လုပ်ဆောင်နေသည့် ဂျပန်ကားထုတ်လုပ်သည့် ISUZU MOTORS ကုမ္ပဏီ နှင့် TOYOTA လက်အောက်ခံ ကုမ္ပဏီခွဲ HINO MOTORS တို့ကဲ့သို့သော ဂျပန်ကား ထုတ်လုပ်သူများ လည်း ပါဝင်သည်။


CP ဥက္ကဋ္ဌကြီး DHANIN CHEARAVANONT က ၎င်း၏ကုမ္ပဏီသည် “ တူညီသော ကာဗွန်သုညဖြစ်ရေးရည်မှန်းချက်များ တူညီသော မည်သည့်ကုမ္ပဏီများကိုမဆို ကြိုဆိုမည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နည်းပညာ

တိုယိုတာ EV လျှပ်စစ်ကားတွေ အမေရိကန်ပြိုင်ဘက် TESLA ကို ကျော်နိုင်တော့မလား။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 26 ရက်
  • 123 Views
တိုယိုတာ gigacasting ရှေ့ပြေးပုံစံသည် ထုတ်လုပ်မှုကို နာရီမှ မိနစ်အထိ လျှော့ချနိုင်သည်။ တိုယိုတာမော်တာသည် သုံးမိနစ်အတွင်း ကားကိုယ်ထည်၏ သုံးပုံတစ်ပုံကို ဖန်တီးပေးနိုင်သည့်
နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 173 Views
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မှု စတုတ္ထမြောက်နေ့ဖြစ်သော ၁၅ ရက်နေ့တွင်
ဆောင်းပါးများ နည်းပညာ ဥရောပ

iPhone 15 စီးရီးအသစ်ကို Apple ကြေညာ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 170 Views
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်၊ ကူပါတီနို၊ ကယ်လီဖိုးနီးယား။ စက်တင်ဘာလ (၁၂) ရက်နေ့တွင် Apple ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုရှိ Apple ရုံးချုပ်မှာ ကျင်းပတဲ့ မိတ်ဆက်ပွဲမှာ `iPhone 15´
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ အာရှ

ဆီမီးကွန်ဒတ်တာများ

  • 2023 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 152 Views
ပိုမိုအားကောင်းသည့် ChatGPT ကို ပြုလုပ်ရန် TSMC သည် ဆီလီကွန် ဖိုတိုနစ်စ် (silicon photonics) များနှင့် လောင်းကြေးထပ်လိုက်သည်။ ထွန်းသစ်စနယ်ပယ်သည် နည်းပညာသမားများအတွက် တိုက်ပွဲသစ်ဖြစ်လာသည်။ တိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ သည် ChatGPT
ဆောင်းပါးများ နည်းပညာ သိပ္ပံ အချက်အလက်များ အတွေးအမြင်ကဏ္ဍ

ဘီလျံနာအီလွန်မာ့စ် စစ်ပွဲတွင် အရေးပါတဲ့အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 137 Views
CNN သီးသန့်ဆောင်းပါး။အီလွန်မာ့စ်ရဲ့ အတ္ထုပ္ပတ္တိအသစ်က ယူကရိန်းအကျပ်အတည်းကို ဘီလျံနာတယောက်က ဘယ်လိုစွမ်းဆောင်စေနိုင်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်သစ်တွေကို သိရှိနိုင်တော့မှာပါ။ အီလွန်မာ့စ်သည် ၎င်း၏ အင်ဂျင်နီယာများအား ခရိုင်မီးယား ကမ်းရိုးတန်းအနီးရှိ Starlink ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို လျှို့ဝှက်စွာ ပိတ်ထားရန် ပြီးခဲ့သည့်နှစ်က ရုရှားရေတပ်သင်္ဘောအား ယူကရိန်းက
သိပ္ပံ ဥရောပ

ရုရှားသို့ လက်နက်များ ထောက်ပံ့ပေးပါက ထိုက်တန်သည့်အဖိုးအခများ ပြန်လည်ပေးဆပ်ရမည်ဟု မြောက်ကိုရီးယားကို အမေရိကန် သတိပေး။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 128 Views
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဆူလီဗန် (Sullivan) က မြောက်ကိုရီးယားသည် ရုရှားနိုင်ငံအား လက်နက် ပေးမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ထိုက်တန်သည့်အဖိုးအခများ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲတွင် သတိပေးခဲ့သည်။ မြောက်ကိုရီးယားအပေါ် တိကျသည့် အရေးယူဆောင်ရွက်မှုကိုတော့ ဖော်ထုတ်ပြောဆိုခြင်း မရှိပါ။
ဆောင်းပါးများ နည်းပညာ သဘာ၀ပတ်ဝန်းကျင်

ဂျပန်နိုင်ငံ ကာရှီဝါမြို့က မြေပဲခွံသားရေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 23 ရက်
  • 181 Views
ဂျပန်နိုင်ငံ ချီးဘားစီရင်စု၏ မြေပဲအလွန်ထွက်ရှိသည့်မြေရှိ ကုမ္ပဏီတစ်ခုသည် နီညိုရောင်မြေပဲဆံ၏အခွံပါးကို သားရေတု ပြုလုပ်ရန် နည်းလမ်းတစ်ခုကို တီထွင်လိုက်ပြီဖြစ်သည်။ ကာရှီဝါမြို့ရှိ ကာရှီဝါသားရေလုပ်ငန်းကုမ္ပဏီတွင် မြေပဲခွံသားရေ ထုတ်ကုန်အမျိုးအစား ရှစ်မျိုးတွင် ပိုက်ဆံအိတ်များနှင့် ကျောပိုးအိတ်များ ပါဝင်သည်။ ချီးဘားစီရင်စု တာတေယာမာရှိ ကီမူရာမြေပဲကုမ္ပဏီမှ