နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကော့ကရိတ်မှာ စစ်အုပ်စုက တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲတိုက်ခိုက်

ကော့ကရိတ်မြို့အဝင်တံတား မိုင်းထိကာပျက်စီး

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၂၁) ရက် ၊ ကော့ကရိတ်။

ယနေ့ ဒီဇင်ဘာ (၂၁) ရက် မနက်ပိုင်း ၄ နာရီဝန်းကျင်အချိန် က ကော့ကရိတ်မြို့ KNU တပ်မဟာ ၆ နယ်မြေ ကို စစ်အုပ်စု က လေကြောင်းကနေ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံကသိရသည်။

ကော့ကရိတ်မြို့က ဒေသတွေမှာ စကစ နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ တို့ နှစ်ဘက် တိုက်ပွဲတွေပြင်းထန်နေပြီး ကော့ကရိတ် – မြ၀တီ အာရှလမ်းမကြီးကတော့ တိုက်ပွဲများကြောင့် ယာယီပိတ်ထားဆဲဖြစ်သည်။

ကော့ကရိတ်မြို့အဝင်က တံတားတခုလည်း မိုင်းခွဲခံရပြီး ကျိူးကျ ပျက်စီးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က အနည်းငယ်ထိခိုက်မှုရှိပေမယ့် သေဆုံးသူမရှိပေ။

စစ်အုပ်စုက ရွာများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ရွာသူ၊ ရွာသားများနှင့် ကလေး သူငယ်များ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း NUG တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်အနီး မိုင်းခွဲခံထားရသော တံတားတွင် ကားများ တစ်စီးပြီးမှ တစ်စီး ပုံစံဖြင့် ဖြတ်သန်းနေရသဖြင့် ကားလမ်းများ ပိတ်ဆို့လျက်ရှိနေသေးကြောင်းသိရသည်။

AlinKar/Era’sEyes | Photo – CRD – မိုင်းထိကာပျက်စီးသွားသည့်တံတားကိုတွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး VPN တွေကိုပါ စစ်ဆေးနေ

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စစ်ကောင်စီလက်အောက်ခံတွေက ဧည့်စာရင်းအကြောင်းပြပြီး VPN အသုံးပြုတာရှိမရှိကို စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ(၁၅)ရက်က မိတ္ထီလာမြို့ကိုသွားရောက်ခဲ့ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားမယ်လို့ PNLA ပြော

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၁၅)ရက်။ ဘ၀တူညီနောင်တွေနဲ့အတူ အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားတယ်လို့ PNLA (၁၇)နှစ်ပြည့်အခမ်းအနားအနေနဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကာလ (၁၇)နှစ်တိုင်တိုင် PNLA အနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
ဇွန်လ (၁၅)ရက်။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်၊ တဖွဲ့အပေါ်မှာ မူတည်တာမရှိစေဘဲ
မြန်မာသတင်း

ဒီပဲယင်းမြို့က ထွေ/အုပ်ရုံးအပါအဝင် စစ်ကောင်စီနေရာတွေ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ မနေ့က နံနက်(၅)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့ထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်(အမေ့သား)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီပဲယင်းမြို့ထဲက ထွေ/အုပ်ရုံးအပါအဝင် ဇွဲစားသောက်ဆိုင်နဲ့ အထက(၁)ကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်ဘက်က
မြန်မာသတင်း

စိုးမိုးနယ်မြေတွေရှိ ဆေးရုံဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ (၃)နှစ်တာကာလထဲ စိုးမိုးနယ်မြေတွေရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၂၁ခုနှစ် ဧပြီလ (၁၆)ရက်ကစပြီး ၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့အထိ
မြန်မာသတင်း

တိုက်ပွဲငြိမ်နေတဲ့ ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 7 Views
ဇွန်လ (၁၄)ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ ထီစဲခါးမှာ အထိုင်ချတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကရင်နီဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Pa-O Youth Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုအခါ မြေပြင်မှာ တိုက်ပွဲငြိမ်နေတယ်လို့ ယူဆနိုင်ပေမယ့်
မြန်မာသတင်း

တီးတိန်မြိုတိုက်ပွဲမှာ PDF Zoland နဲ့ CNDF တပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦးကျဆုံး

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 10 Views
++++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း (PDF Zoland) က ဒီနေ့ ဇွန်လ (၁၃) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တီးတိန်မြိုမှာ