၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်၊ စစ်ကိုင်း။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်နှင့် ယင်းမာပင်မြို့နယ်က ပုသိမ်-မုံရွာလမ်းဘက်တွင် စစ်တပ်က ယနေ့ ဒီဇင်ဘာ (၂၁) ရက် နံနက် ၄ နာရီအချိန်မှာ စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
![](https://eraseye.com/wp-content/uploads/2022/12/319364506_831295084833915_2077763034683087344_n.jpg)
![](https://eraseye.com/wp-content/uploads/2022/12/320780299_513909543860429_5614171309430314792_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2022/12/318557419_904726957378907_3783640156953627853_n-1-1024x460.jpg)
![](https://eraseye.com/wp-content/uploads/2022/12/321148480_692539255841130_2178362568401865236_n-1-1024x460.jpg)
![](https://eraseye.com/wp-content/uploads/2022/12/319364506_831295084833915_2077763034683087344_n-1-1024x460.jpg)
စစ်အုပ်စုဟာ မုံရွာ နမခ မှ ဝမ်ပေါင် ကုမ္ပဏီဘက်ရှိရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ပြီး ဆောင်းတွင်း နံနက်အစောပိုင်း ဝင်ရောက် စစ်ကြောင်းထိုးသည့်အတွက် သက်ကြီးရွယ်အို နှင့် ကလေး သူငယ်များ အတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ဒေသခံတွေကပြေကြားသည်။
ဒေသခံ ပြည်သူများအနေနဲ့ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းတလျှောက် မြန်မာဝမ်ပေါင်လမ်းဆုံ(၅/၁လမ်းဆုံ) ကနေ ရွှေတောင်ဦးပေါင်ကျိုးကုန်းအထိ လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တဲ့ National Revolutionary Guards က သတိပေးထုတ်ပြန်ထားကြောင်းသိရသည်။