နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး မိုဆန် ရေဇာအီ (Mohsen Rezaei) က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

“အကယ်၍ ပိတ်ဆို့မှုသာ ဆက်ရှိနေမယ်ဆိုရင် အီရန်က တုံ့ပြန်သွားမှာပါ” ဟု ရေဇာအီက ရုပ်သံလူတွေ့မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန IRIB က ကြာသပတေးနေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဒီလို ပိတ်ဆို့မှုမျိုးဟာ အနှစ်သာရအားဖြင့် ဘာမှဖြစ်မလာသလို သူတို့လည်း အကောင် အထည် မဖော်နိုင်ခဲ့ပါဘူး။ အိန္ဒိယသမုဒ္ဒရာဟာ အလွန်ကျယ်ပြောလှပြီး ကျွန်တော်တို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုပဲ လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု ရေဇာအီက ဆက်လက်ပြောကြားသည်။

၎င်း၏ မှတ်ချက်စကားများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်းများကို ထပ်တိုးပိတ်ဆို့ရန် စဉ်းစားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် လွန်ခဲ့သော ၆ ပတ်ကျော်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ကြေညာခံရပြီးကတည်းက လူမြင်ကွင်းသို့ ထွက်မလာသလို သတင်းစကားတစ်စုံ တစ်ရာလည်း မကြားရသေးသော ခါမေနီ၏ အခြေအနေနှင့် ပတ်သက်သည့် ကောလာဟလများကို နားမယောင်ကြရန်လည်း ရေဇာအီက ပြည်သူများကို တိုက်တွန်းခဲ့သည်။

“အမြင့်ဆုံးခေါင်းဆောင်ဟာ ငယ်ရွယ်ကျန်းမာပြီး တက်ကြွနေသူဖြစ်သလို နိုင်ငံတော်အရေး ကိစ္စတွေကိုလည်း စီမံခန့်ခွဲနေပါတယ်” ဟု ရေဇာအီက ပြောကြားကြောင်း IRIB သတင်းတွင် ပါရှိသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကမူ ခါမေနီသည် အသက်ရှင် လျက်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်တွင် “အရိပ်အယောင်များရှိသည်” ဟု တနင်္လာနေ့က ပြောကြားခဲ့သော်လည်း အဆိုပါ အမြင့်ဆုံးခေါင်းဆောင်သစ်သည် အီရန်နိုင်ငံ အတွင်း မည်မျှအထိ ယုံကြည်ကိုးစားမှုရှိသည်မှာမူ ရှင်းလင်းခြင်းမရှိသေးကြောင်း ဆိုခဲ့ သည်။

ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့တွင် လမ်းသွားလမ်းလာတစ်ဦးသည် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ မိုဂျတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ၏ ပုံပါရှိသော လမ်းဘေးပိုစတာတစ်ခုဘေးမှ ဖြတ်လျှောက်သွားစဉ်။

Atta Kenare/AFP/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက