နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့် နိုးထလာခဲ့သည်။

ရော့စ်နက်ဖ် (Rosneft) ပိုင် တူအပ်ပ်ဆေ ရေနံချက်စက်ရုံကို ယူကရိန်းက နောက်ဆုံး အကြိမ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အဆိပ်သင့်မီးခိုးငွေ့များ ထူထပ်စွာ ထွက်ပေါ် လာပြီး မီးတောက်များသည် ဝန်းရံထားသော ကော့ကေးဆပ် (Caucasus) တောင်တန်း များ၏ အမြင့်နီးပါးအထိ မြင့်တက်ခဲ့သည်။

ကြာသပတေးနေ့ နံနက်ပိုင်းတွင် မီးငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဧပြီလ ၁၆ ရက်နှင့် ၂၀ ရက်တို့တွင် ဖြစ်ပွားခဲ့သော ယခင် တိုက်ခိုက်မှု နှစ်ခုမှ မီးလောင်မှုများကို ငြိမ်းသတ်ရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး၊ အဆိပ်သင့် ပစ္စည်းများသည် “ မိုးမည်း” အဖြစ် ရွာကျလာကာ ကားများနှင့် လမ်းမများကို ဆီချေးများ ဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။ ယင်းသည် ဒေသတွင်း၌ နှစ်ပေါင်းများစွာအတွင်း အဆိုးရွား ဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတ်မှတ်နေကြသည်။

“ မြို့ကြီးကတော့ မီးခိုးတွေနဲ့ မွန်းကျပ်နေပြီ” ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၁၄ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပခဲ့ရာ ဆိုချီ (Sochi) မြို့၏ အနောက် မြောက်ဘက် မိုင် ၇၀ ခန့်တွင် တည်ရှိသော တူအပ်ပ်ဆေမြို့သည် ပင်လယ်နက် ကမ်းရိုးတန်းရှိ အပူလျော့ပိုင်း အပန်းဖြေနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ တစ်ချိန်က ရုရှားပြည်သူများကြား နွေရာသီ အားလပ်ရက် အပန်းဖြေစခန်းအဖြစ် ရေပန်းစားခဲ့သဖြင့် “ ရုရှား ရီဗီယာရာ” (Russian Riviera) ဟုပင် လူသိများခဲ့သည်။ မြို့၏ ရေနံချက်စက်ရုံသည် ရုရှား၏ အဓိက ရေနံချက်လုပ်မှုနှင့် ပို့ကုန်ဗဟိုချက်ဖြစ်ပြီး မကြာသေးမီလများအတွင်း ယူကရိန်း၏ ထပ်တလဲလဲ ပစ်မှတ်ထားခြင်းကို ခံနေရသည်။

“ ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ ကျနေတာပါ။ ကျွန်မတို့ အသက်ရှူလို့ မရတော့ဘူး။ မြို့တစ်မြို့လုံး လောင်စာဆီနံ့တွေ နံစော်နေပြီး ကားတွေပေါ်မှာလည်း ဆီတွေ စိမ့်ကျနေတယ်” ဟု အနီးနားရှိ ခရာ့စ်နိုဒါ (Krasnodar) မြို့မှ တူအပ်ပ်ဆေသို့ သန့်ရှင်းရေးလုပ်ငန်းများ ကူညီရန် ရောက်ရှိလာသည့် လုပ်ငန်းရှင် အယ်လ်မီရာ အေရာပက်တီယန် (Elmira Ayrapetyan) က CNN သို့ ပြောကြားခဲ့သည်။

ဒေသန္တရနှင့် ဖက်ဒရယ်အာဏာပိုင်များ၏ တုံ့ပြန်မှုမှာ နှစ်ပတ်နီးပါး ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှု သုံးကြိမ်ဆက်တိုက် ဖြစ်ပွားပြီးမှ ထွက်ပေါ်လာသောကြောင့် စေတနာ့ ဝန်ထမ်းများက ကိုယ်ထူကိုယ်ထ စုပေါင်းလုပ်ဆောင်နေကြခြင်း ဖြစ်သည်။

အင်္ဂါနေ့တွင် ကရင်မလင်နန်းတော်က အခြေအနေကို ပထမဆုံးအကြိမ် ဝန်ခံခဲ့ပြီး သမ္မတ ဗလာဒီမာပူတင်သည် မီးဘေးတုံ့ပြန်မှုကို ပူးပေါင်းဆောင်ရွက်ရန် အရေးပေါ်အခြေအနေ ဆိုင်ရာဝန်ကြီး အလက်ဇန္ဒား ကူရင်ကော့ဗ် (Aleksandr Kurenkov) ကို အခင်းဖြစ်ပွားရာ သို့ စေလွှတ်ခဲ့သည်။ “ အခြေအနေက မလွယ်ကူပေမဲ့ ထိန်းချုပ်လို့ရပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ခရာ့စ်နိုဒါဒေသ၏ အုပ်ချုပ်ရေးမှူးကလည်း လမ်းမများပေါ်တွင် မီးတောက်နှင့် မီးခိုးများ ရှိနေဆဲဖြစ်သော ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးစဉ် ထိုစကားလုံးကိုပင် အသုံးပြုခဲ့သည်။

အစစ်အမှန် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်’

ပူတင်က ဤဘေးအန္တရာယ်ကို အခွင့်ကောင်းယူကာ ယူကရိန်းသည် ရုရှားအရပ်သားများ နှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို “ အကြမ်းဖက်တိုက်ခိုက်မှုများ” ပြုလုပ် နေသည် ဟူသော ၎င်း၏ စွပ်စွဲချက်များကို ထပ်မံပြောကြားခဲ့သည်။

အင်္ဂါနေ့ညဉ့်နက်ပိုင်း လုံခြုံရေးအစည်းအဝေးတစ်ခုတွင် ၎င်းက တူအပ်ပ်ဆေသို့ တိုက်ခိုက်မှုများသည် “ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်” ဟု ပြောသော်လည်း “ ကြီးမားသော ခြိမ်းခြောက်မှုများ မရှိဟု ထင်ရပါကြောင်း၊ ပြည်သူများက ၎င်းတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ထိုနေရာတွင်ပင် ဖြေရှင်းနေကြ ပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများကမူ အမြင်ကွဲပြားကြသည်။

“ ဒါဟာ အစစ်အမှန် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ပါပဲ၊ အနည်းဆုံး ဒေသတွင်း အဆင့်မှာပေါ့။ ဒီလိုမျိုး မဖြစ်ခဲ့တာ နှစ်တော်တော်ကြာပါပြီ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားနှင့် အတိုက်အခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ယက်ဗ်ဂေနီ ဗီတစ်ရှ်ကို (Yevgeny Vitishko) က အင်္ဂါနေ့ တိုက်ခိုက်မှုမတိုင်မီ CNN နှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

CNN က အတည်ပြုထားသော ဂြိုဟ်တုဓာတ်ပုံများနှင့် လူမှုကွန်ရက် ဗီဒီယိုများအရ ရေနံများသည် တူအပ်ပ်ဆေမြစ်နှင့် ပင်လယ်အတွင်းသို့ စီးဝင်သွားပြီး ရုရှားတောင်ပိုင်း ပင်လယ်နက်ကမ်းရိုးတန်း၏ အချို့နေရာများသည် လောင်စာဆီများကြောင့် မည်းနက် နေဆဲဖြစ်သည်။ သို့သော် တူအပ်ပ်ဆေရှိ ပင်မကမ်းခြေ၏ အချို့အစိတ်အပိုင်းများကိုမူ အင်္ဂါနေ့တွင် သန့်ရှင်းရေး ပြုလုပ်ထားပုံရသည်။

နောက်ဆုံးတိုက်ခိုက်မှု မတိုင်မီ တနင်္ဂနွေနေ့က ဂြိုဟ်တုဓာတ်ပုံများကို CNN ၏ ခွဲခြမ်းစိတ်ဖြာချက်အရ ရေနံခြေရာများသည် ကမ်းခြေမှ အနည်းဆုံး ကီလိုမီတာ ၅၀ (၃၁ မိုင်) အထိ ပျံ့နှံ့နေကြောင်း တွေ့ရသည်။ ရုရှားအရေးပေါ်ဝန်ကြီးကမူ ပင်လယ်အတွင်းသို့ “ ယိုစိမ့်နိုင်ခြေ” ကို တားဆီးရန် အတားအဆီးများကို “ မကြာမီ” ချထားမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

“ ဒီနေရာမှာ အရေးကြီးတာက တူအပ်ပ်ဆေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဟာ လေထု၊ ကျယ်ပြန့်တဲ့ မြေဆီလွှာ၊ မြို့ကို ဖြတ်စီးတဲ့ မြစ်နဲ့ ပင်လယ်နက် စတဲ့ ပတ်ဝန်းကျင် အမျိုးမျိုးမှာ တစ်ပြိုင်နက်တည်း ညစ်ညမ်းမှုတွေ ဖြစ်နေတာပါပဲ” ဟု ရုရှားသဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒီမီထရီ လီဆစ်ဆင် (Dmitry Lisitsyn) က CNN သို့ ပြောကြား ခဲ့သည်။ “ ဒါဟာ အလွန်ရှုပ်ထွေးတဲ့ သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ဖြစ်ပြီး၊ အခုအဆင့်မှာတော့ အမှန်တကယ် ပမာဏကို ခန့်မှန်းဖို့ ခက်ခဲနေပါသေးတယ်။”

၎င်းက ဤကဲ့သို့ ရေနံများပါဝင်သည့် မိုးရွာသွန်းမှုကို ပြီးခဲ့သည့်လက အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ ရေနံသိုလှောင်ရုံတစ်ခု လေကြောင်းမှ တိုက်ခိုက်ခံရစဉ် လောင်စာဆီများ အငွေ့ပျံကာ အဆိပ်သင့်မီးခိုးများနှင့် ရေနံမိုးများ ရွာကျခဲ့သည့် ဖြစ်ရပ်နှင့် နှိုင်းယှဉ် ခဲ့သည်။ “ ကောင်းကင်ကနေ ရေနံအကြွင်းအကျန်တွေ ‘ရေနံမိုး’ အဖြစ် ရွာကျလာတာ မျိုးက အလွန်ကို ရှားပါးပါတယ်” ဟု ၎င်းက ဆိုသည်။

“ အနာဂတ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ဖြစ်နိုင်ခြေအရှိဆုံးကတော့ ကင်ဆာရောဂါတွေ သိသိသာသာ တိုးလာတာကို တွေ့ရပါလိမ့်မယ်” ဟု တူအပ်ပ်ဆေမြို့ခံ ဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးလက်အောက်ရှိ ဂေဟဗေဒလုပ်ငန်းအဖွဲ့ကို ဦးဆောင်သူ ဗီတစ်ရှ်ကိုက ပြောကြားခဲ့သည်။ ၎င်းက ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပစ္စည်းများသည် အထူးသဖြင့် ရေမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း စုပုံလာနိုင်ကြောင်းလည်း ခန့်မှန်းခဲ့သည်။ ကရင်မလင်နန်းတော်ကမူ ရေနံညစ်ညမ်းမှုကြောင့် ရေရှည်ကျန်းမာရေး ထိခိုက်မှုများနှင့် ပတ်သက်၍ CNN ၏ မေးမြန်းမှုကို ဗုဒ္ဓဟူးနေ့တွင် ရှောင်လွှဲခဲ့သည်။

ဗီတစ်ရှ်ကိုက “ အနည်းဆုံးတော့ ကလေးတွေ၊ မူကြိုတွေနဲ့ ကျောင်းတွေကို သီးခြား ခွဲထုတ်ထားဖို့” ပိုမိုမြန်ဆန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဒေသန္တရအာဏာပိုင်များသည် အင်္ဂါနေ့တွင် ရေနံချက်စက်ရုံနှင့် နီးစပ်သော နေရာများမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သော်လည်း ကျန်းမာရေး တာဝန်ရှိသူများကမူ ဒုတိယအကြိမ် တိုက်ခိုက်မှုအပြီး နှစ်ရက်အကြာမှသာ အိမ်တွင်း၌ နေထိုင်ရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်ရန် အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ ယခုအပတ် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များအတွက် တစ်မြို့လုံးရှိ ကျောင်းများကို ပိတ်ထားရန် ကြေညာခဲ့သော်လည်း အချို့သော မူကြိုကျောင်းများမှာမူ ဆက်လက်ဖွင့်လှစ် ထားခဲ့ သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို တားဆီးရန် အာဏာပိုင်များအနေဖြင့် ယခုထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်သင့်သလား ဆိုသည်ကို ဆုံးဖြတ်ရန်မှာ “ စောလွန်းသေးသည်” ဟု ဗုဒ္ဓဟူးနေ့တွင် CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်းက စွမ်းအင်ကဏ္ဍတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေခြင်း။

ယူကရိန်းစစ်ဦးစီးချုပ်ရုံးက အင်္ဂါနေ့တိုက်ခိုက်မှုအပြီးတွင် ထုတ်ပြန်သည့်ကြေညာချက်၌ ရေနံချက်စက်ရုံသို့ တိုက်ခိုက်မှု သုံးကြိမ်စလုံးမှာ “ ရုရှားကျူးကျော်သူ၏ စစ်ရေးနှင့် စီးပွားရေးစွမ်းဆောင်ရည်ကို လျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း” ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ကိယက်ဗ် (Kyiv) သည် မော်စကို၏ စစ်ဘတ်ဂျက်ရရှိနေမှုကို လျှော့ချရန်နှင့် စစ်ရေးထောက်ပံ့မှုများကို အခက်တွေ့စေရန် လပေါင်းများစွာအတွင်း အရေးပါသော ရုရှားစွမ်းအင် အခြေခံအဆောက်အအုံများကို အဝေးထိန်းဒရုန်းများဖြင့် အရှိန်မြှင့် တိုက်ခိုက်လျက်ရှိသည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု အခက်အခဲများမှ မော်စကိုက အကျိုး အမြတ် ရရှိနေချိန်တွင် ယူကရိန်းက ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

မဟာမိတ်အချို့က တိုက်ခိုက်မှုများ လျှော့ချရန် “ အချက်ပြမှုများ” ပေးနေသော်လည်း ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ်လနှောင်းပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ ရုရှားက ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားတာကို ရပ်တန့်ဖို့ အသင့်ဖြစ်ရင် ကျွန်တော်တို့လည်း သူတို့ရဲ့ စွမ်းအင်ကဏ္ဍကို လက်တုံ့ပြန်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ ယူကရိန်း၏ လျှပ်စစ်စွမ်းအင် အခြေခံအဆောက်အအုံများအပေါ် ရုရှား၏ ထပ်တလဲလဲ တိုက်ခိုက်မှုများကြောင့် နေရာအနှံ့အပြားတွင် လျှပ်စစ်မီးပြတ်တောက်မှု များ ဖြစ်ပေါ်ခဲ့ကာ စစ်ပွဲအတွင်း စတုတ္ထမြောက် ဆောင်းရာသီမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ကြာသပတေးနေ့တွင် ယူကရိန်းနယ်စပ်မှ မိုင် ၉၀၀ ခန့်ဝေးသော ပါမ် (Perm) မြို့ရှိ စွမ်းအင်အခြေခံအဆောက်အအုံများ ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်ခံရပြီးနောက် ရုရှားမြို့တစ်မြို့၏ အထက်တွင် မီးခိုးလုံးကြီးများ မြင့်တက်လာခဲ့သည်။ ကိယက်ဗ်ကမူ ထိုနေရာရှိ ရေနံစုပ်စက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ သည်။ ပါမ်အုပ်ချုပ်ရေးမှူးက “ စက်မှုဇုန်တစ်ခု” တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့သည်။

တူအပ်ပ်ဆေ ရေနံချက်စက်ရုံသည် ပြီးခဲ့သည့် ဆောင်းဦးရာသီက ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများအပြီး “ ထိရောက်စွာ လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ ရပ်တန့်နေခဲ့ခြင်း” ဖြစ်ကြောင်း ကုန်စည်ဒိုင်ဆိုင်ရာ သုတေသနကုမ္ပဏီ Kpler မှ စီနီယာမန်နေဂျာ ဆူမစ် ရီတိုလီယာ (Sumit Ritolia) က CNN သို့ ရေးသားပြောကြား ခဲ့သည်။ ယခု နောက်ဆုံးတိုက်ခိုက်မှုများသည် “ ပြန်လည်စတင်မည့် အချိန်ဇယားများကို နှောင့်နှေးစေမည်ဖြစ်ပြီး လုပ်ငန်းများ ပြန်လည်စတင်နိုင်သည့်တိုင် ထုတ်ကုန်ကိုင်တွယ်မှု နှင့် တင်ပို့မှုများကို ကန့်သတ်သွားလိမ့်မည်” ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းက အာနာပါ (Anapa) အနီးတွင် ဆီတင်သင်္ဘောနှစ်စင်း ယိုစိမ့်မှုဖြစ်စဉ်၌ စေတနာ့ဝန်ထမ်းများကို ကူညီညှိနှိုင်းပေးခဲ့သည့် ဒေသခံလုပ်ငန်းရှင် အေရာပက်တီယန်အတွက်မူ ယခုမြင်ကွင်းများသည် သူအတွက် အလွန်ရင်းနှီးနေသည်။

“ ကျွန်မတို့ အာနာပါမှာတုန်းက အရေးပေါ်ဝန်ကြီးဌာန ရောက်လာဖို့ နှစ်ပတ်လောက် စောင့်ခဲ့ရတယ်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့ပြီး တူအပ်ပ်ဆေမြို့၏ အခြေအနေမှာ ပိုမိုဆိုးရွားပြီး ပိုမိုကြီးမားသော တုံ့ပြန်ကူညီမှုများ လိုအပ်လိမ့်မည်ဟု ၎င်းက ယုံကြည် နေသည်။

“ ဒါဟာ လောင်စာဆီတွေနဲ့ ပြည့်နေတဲ့ ပင်လယ်ကြီးပါပဲ” ဟု သူမက ဆိုသည်။ “ မြို့ဟာ လိုအပ်တဲ့ အကူအညီတွေကို မရရှိသေးပါဘူး။”

သဘာဝပတ်ဝန်းကျင် ပညာရှင် လီဆစ်ဆင် အတွက်မူ သတင်းအချက်အလက် မရရှိခြင်းသည် စိုးရိမ်စရာ ဖြစ်နေသည်။ “ ချာနိုဘိုင်း (Chernobyl) ဘေးအန္တရာယ် ဖြစ်ပွားပြီး နှစ်ပေါင်း ၄၀ ကြာတဲ့အထိ ဘာမှ ပြောင်းလဲမသွားသေးပါဘူး… အဲဒီတုန်းကလည်း ညစ်ညမ်းမှုအဆင့်နဲ့ လူထုဆီ ပျံ့နှံ့မှုအပေါ် သတင်းအချက်အလက် လုံးဝနီးပါး မရှိခဲ့သလို အခုလည်း အဲဒီအတိုင်းပါပဲ။”

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ၊ တူအပ်ပ်ဆေမြို့ရှိ ရေနံချက်စက်ရုံနှင့် ရေနံတင်သင်္ဘောဆိပ်ကမ်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် မီးခိုးများ ထွက်ပေါ်နေစဉ်။ ခရာ့စ်နိုဒါဒေသ အုပ်ချုပ်ရေးမှူး ဗင်နီယာမင် ကွန်ဒရာတယက်ဗ်၏ တယ်လီဂရမ်ချန်နယ်/AP (ဓာတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ရုရှားနိုင်ငံ ခရာ့စ်နိုဒါဒေသ၊ တူအပ်ပ်ဆေမြို့ရှိ ရေနံချက်စက်ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးခိုးများ ထွက်ပေါ်နေစဉ် ရုရှားရဲတပ်ဖွဲ့ဝင်များက နယ်မြေကို လုံခြုံရေးယူထားစဉ်။

Stringer/AFP/Getty Images (ဓာတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ ဂြိုဟ်တုဓာတ်ပုံတွင် ကမ်းခြေမှ အနည်းဆုံး ကီလိုမီတာ ၅၀ အထိ ပျံ့နှံ့နေသော ရေနံများကို တွေ့ရစဉ်။

Sentinel-2/European Space Agency (ဓာတ်ပုံ)

ဧပြီလ ၂၈ ရက်နေ့က ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံတွင် နောက်ဆုံးအကြိမ် ရေနံချက်စက်ရုံ တိုက်ခိုက်ခံရပြီးနောက် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ တူအပ်ပ်ဆေအပေါ်တွင် အဆိပ်သင့်မီးခိုးတိမ်တိုက်များ ပေါ်နေစဉ်။ (ဓာတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ရုရှားနိုင်ငံ ခရာ့စ်နိုဒါဒေသ၊ တူအပ်ပ်ဆေမြို့ရှိ ရေနံချက်စက်ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မြစ်အတွင်းသို့ ရေနံများ ယိုစိမ့်နေသည်ကို တွေ့ရစဉ်။ Stringer/AFP/Getty Images (ဓာတ်ပုံ)

ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ရုရှားနိုင်ငံ ခရာ့စ်နိုဒါ ဒေသ၊ တူအပ်ပ်ဆေမြို့ရှိ ရေနံချက်စက်ရုံကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံ များအထက်တွင် မီးခိုးများ ထွက်ပေါ်နေစဉ်။

Stringer/AFP/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်