နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

ဧပြီလ (၃၀)ရက်။

ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များခဲ့ကာ ရှေ့ဆက်မတက်နိုင်ဘဲ မြို့ထဲ တပ်ပြန်ခေါက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နမခကနေ အထူးရဲကွန်မန်ဒို ရဲတပ်သား အင်အား (၂၀၀)ခန့်နဲ့ ယင်းမာပင်မြို့နယ်ထဲ ပြောင်းပြာလက်လုပ် စားတော်ပြင်ဘက်ကနေ စစ်ကြောင်းထပ်ထိုးခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိအခိုက်များစွာနဲ့ မြို့ထဲ ပြန်ဝင်သွားတယ်လို့ ‌သိရပါတယ်။

အထိနာခဲ့တဲ့ စစ်တပ်ဟာ တပ်မ(၃၃/၉၉)ပူးပေါင်းတပ်တွေနဲ့ အင်အားဖြည့်ပြီး အင်အား (၅၀၀)ကျော်နဲ့ ပုလဲနဲ့ ယင်းမာပင်တို့ကနေ စစ်ကြောင်း (၂)ကြောင်းထိုးခဲ့ကာ (၂)လနီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့သလို တော်လှန်ရေးတပ်ဘက်ကလဲ ထိခိုက်ဆုံးရှုံးတာတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ စစ်တပ်ရဲ့ တပ်မ(၃၃)က အင်အား (၃၀၀)ကျော်နဲ့ ယာကြီး ကလေးဝလမ်းပိုင်းကို စိုးမိုးဖို့ ပြင်ဆင်လာခဲ့သလို ချောင်းမ အောင်မင်္ဂလာရွာတွေမှာ တပ်စွဲထားပြီး တပ်ကူ ပစ်ကူအများအပြားနဲ့ ထိုးဆင်လာတာကြောင့် တော်လှန်ရေးတပ်‌တွေဘက်က နေရာအချို့ကို လက်လွှတ်ပေးထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုထိုးစစ်ဆင်နေတဲ့အပေါ် ပြည်သူတွေအနေနဲ့ တော်လှန်စိတ် အပြည့်ထားပြီး စစ်တပ်စစ်ကြောင်းရှိတဲ့နေရာတွေနဲ့ (၃)မိုင်အကွာအထိ စစ်ဘေးရှောင်ဖို့ ယင်းမာပင်ခရိုင်ပကဖက မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်တွေအနေနဲ့ အချိန်နဲ့တပြေးညီ စစ်တပ်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ထုတ်နိုင်ဖို့ ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ ပါဝင်ကူညီကြဖို့ ‌တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို