စစ်တပ်နှစ်ကြိမ်တိုင်မီးရှို့ခဲ့သော ရေစကြိုမြို့နယ် ဗြိဘရွာ မီးဘေးသင့်ပြည်သူများကို ပြည်လည်ထူထောင်ရန် အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများကပြောသည်။
ဗြိဘရွာကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နှင့် ဒီဇင်ဘာလ (၁၈) ရက်တို့ တွင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။
စစ်ကောင်စီတပ်က နေအိမ်များကို ပြာကျအောင် မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ဒီဇင်ဘာ (၁၈) ရက် ဗြိဘရွာကို ဒုတိယအကြိမ်မီးရှို့ရွာ အိမ်ခြေ (၇၀) ကျော် မီးလောင်ခဲ့ပြီး ဇူလိုင်လက မီးရှို့ခဲ့ရာတွင် အိမ်ခြေ (၂၀) ကျော် မီးလောင်ခဲ့သည်။
ဇူလိုင် (၂) ရက် မနက် (၁၀) နာရီအချိန်က ဗြိဘရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် မိနစ် (၃၀) ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
![](https://eraseye.com/wp-content/uploads/2023/01/319934938_827953741608432_199741786701254094_n-1024x576.jpg)
![](https://eraseye.com/wp-content/uploads/2023/01/322234064_5459588960817307_1325526178359452389_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/01/321617657_1764029103980840_1374300483570834572_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/01/320611570_889966762198348_6462131304862884650_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/01/319961237_3353853291551993_1572062195253333539_n-1024x576.jpg)
![](https://eraseye.com/wp-content/uploads/2023/01/321651039_854982802391618_2225501161181164715_n.jpg)
Photo – PS | ဗြိဗရွာမှ မီးရှို့ခံရသောနေအိမ်များ
ဗြိဘရွာသည် အိမ်ခြေ (၅၀၀) ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့သည့် ရွာကြီးတစ်ရွာဖြစ်သည်။
ဗြိဘရွာအနီးနားရှိကျေးရွာများကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခြင်းကြောင့် ကျေးရွာအချင်းချင်း ပြန်လည်ကူညီရန်လည်း အခက်အခဲများဖြစ်နေသည်ဟု ဒေသခံများက ပြောကြသည်။
ဒီဇင်ဘာ (၁၈) ရက်တွင် ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုမီးရှို့ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ကျေးရွာအတွင်း ပိတ်မိနေပြီး ဗြိဘရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စု၏ မီးရှို့မှုများကြောင့် ဒေသခံ ပြည်သူများလည်း အရေးပေါ် အကူညီများလိုအပ်နေကြပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အရေးပေါ် ကျန်းမာရေး ပြုစုစောင့်ရှောက်များ အထူးလိုအပ်လျက် ရှိနေကြောင်း သိရသည်။