နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုခါမုန်တိုင်း ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်ရရေး အတည်ပြုချက်စောင့်ဆိုင်းနေဆဲ လို့ UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံအနောက်ပိုင်းမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါဒဏ်ကို ကြီးမားစွာထိခိုက် ခံစားခဲ့ရတဲ့ နေရာအများစုမှာ အမိုးအကာ၊ သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတဲ့အခြေအနေကို အချိန်နဲ့တပြေးညီ ထောက်ပံ့ကူညီဖို့ဟာ အရေးတကြီးလိုအပ်နေပြီလို့UNOCHA က ထုတ်ပြန်လိုက်ပါတယ်။

မုတ်သုန်ရာသီဝင်ရောက် လာတာကြောင့် အချိန်လုပြီးလုပ်ကိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မေလ ၃၀ ရက်နေ့စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ ရခိုင်၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်လူဦးရေ ၁ ဒဿမ ၆ သန်းကို ကူညီဖို့ အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့လည်း UNOCHA က တိုက်တွန်းထားပါတယ်။

ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသလို့ ကြေညာပြီး စစ်ဗိုလ်ချုပ်တွေကို တပ်ဖြန့် စေလွှတ်ထားတဲ့ စစ်ကောင်စီထံက ခွင့်ပြုချက်တွေ ရယူဖို့လိုအပ်နေတာ ဖြစ်မယ်လို့လည်းလို့ ယူဆရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လူပေါင်း ၁၀၇,၀၀၀ အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးထားပြီး အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာနဲ့ အခြား လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပံပိုးပေးခဲ့သလို သောက်သုံးရေ လီတာ ၃၀,၀၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။

နိုင်ငံအနောက်မြောက်ဖက်ပိုင်းက မုန်တိုင်းဒဏ်သင့်သူတွေကို အမိုးအကာတွေပြုပြင်ဖို့အတွက် ငွေသား အကူအညီတွေပေးခဲ့သလို လူဦးရေ ၄,၅၀၀ အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ မုန်တိုင်းဒဏ်သင့်ရပ်ရွာလူထုအားလုံးကို ပံ့ပိုးကူညီဖို့ အတွက် အဆင်သင့်ရှိနေပေမဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် ဝင်ရောက်ကူညီခွင့်တွေပိုမို ရရှိဖို့၊ ထောက်ပံ့ရေးပစ္စည်းနဲ့ ရန်ပုံငွေတွေတိုးမြှင့်ရရှိဖို့လည်း လိုအပ်နေတယ်လို့လည်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က တိုက်တွန်းထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

Era’sEye/REF : BBC/Photo-BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 56 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 42 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို