နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုခါမုန်တိုင်း ကူညီထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေသွားလာခွင့်ရရေး အတည်ပြုချက်စောင့်ဆိုင်းနေဆဲ လို့ UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံအနောက်ပိုင်းမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါဒဏ်ကို ကြီးမားစွာထိခိုက် ခံစားခဲ့ရတဲ့ နေရာအများစုမှာ အမိုးအကာ၊ သောက်သုံးရေ၊ သန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတဲ့အခြေအနေကို အချိန်နဲ့တပြေးညီ ထောက်ပံ့ကူညီဖို့ဟာ အရေးတကြီးလိုအပ်နေပြီလို့UNOCHA က ထုတ်ပြန်လိုက်ပါတယ်။

မုတ်သုန်ရာသီဝင်ရောက် လာတာကြောင့် အချိန်လုပြီးလုပ်ကိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မေလ ၃၀ ရက်နေ့စွဲနဲ့ အဲဒီထုတ်ပြန်ချက်မှာ ရခိုင်၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်လူဦးရေ ၁ ဒဿမ ၆ သန်းကို ကူညီဖို့ အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းထည့်ဝင်ပေးဖို့လည်း UNOCHA က တိုက်တွန်းထားပါတယ်။

ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသလို့ ကြေညာပြီး စစ်ဗိုလ်ချုပ်တွေကို တပ်ဖြန့် စေလွှတ်ထားတဲ့ စစ်ကောင်စီထံက ခွင့်ပြုချက်တွေ ရယူဖို့လိုအပ်နေတာ ဖြစ်မယ်လို့လည်းလို့ ယူဆရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုတည်းမှာပဲ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က လူပေါင်း ၁၀၇,၀၀၀ အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးထားပြီး အိမ်ထောင်စု ၇,၇၀၀ အတွက် အမိုးအကာနဲ့ အခြား လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပံပိုးပေးခဲ့သလို သောက်သုံးရေ လီတာ ၃၀,၀၀၀ ကျော်ကိုလည်း ဖြန့်ဝေပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။

နိုင်ငံအနောက်မြောက်ဖက်ပိုင်းက မုန်တိုင်းဒဏ်သင့်သူတွေကို အမိုးအကာတွေပြုပြင်ဖို့အတွက် ငွေသား အကူအညီတွေပေးခဲ့သလို လူဦးရေ ၄,၅၀၀ အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအသုံးအဆောင်တွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေဟာ မုန်တိုင်းဒဏ်သင့်ရပ်ရွာလူထုအားလုံးကို ပံ့ပိုးကူညီဖို့ အတွက် အဆင်သင့်ရှိနေပေမဲ့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့အတွက် ဝင်ရောက်ကူညီခွင့်တွေပိုမို ရရှိဖို့၊ ထောက်ပံ့ရေးပစ္စည်းနဲ့ ရန်ပုံငွေတွေတိုးမြှင့်ရရှိဖို့လည်း လိုအပ်နေတယ်လို့လည်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က တိုက်တွန်းထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

Era’sEye/REF : BBC/Photo-BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်အခြေစိုက် Dark Shadow အဖွဲ့ဝင် (၄)ဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကချင်က တပ်စခန်းတွေ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြောဆို

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ကချင်ပြည်နယ်ထဲက ချီဖွေမြို့နဲ့ ဝိုင်းမော်မြို့ရှိ တပ်စခန်းတွေ အင်အားမမျှလို့ ဆုတ်ခွာခဲ့ရတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကြပ်ညှပ်စွာနေရတယ်ဆိုတဲ့သတင်းတွေကြောင့် အိုးဘိုထောင်က နိုင်/ကျဉ်း (၇၀)ကျော်ကို ထောင်ပြောင်းရွှေ့

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ဇွန်လ (၁၅)ရက်နေ့ နံနက်(၂)နာရီခန့်ကစပြီး မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင်ထဲက နိုင်ငံရေးအကျဉ်းသား (၇၀)ကျော်နဲ့ မူးယစ်(၃)ဦးခန့်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မန္တလေး အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအချို့ကို မြင်းခြံထောင်သို့
မြန်မာသတင်း

ရန်ကုန်က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး VPN တွေကိုပါ စစ်ဆေးနေ

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စစ်ကောင်စီလက်အောက်ခံတွေက ဧည့်စာရင်းအကြောင်းပြပြီး VPN အသုံးပြုတာရှိမရှိကို စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ပြီးခဲ့တဲ့ရက်က လမ်းထဲမှာ စကစအဖွဲ့တွေက ဧည့်စာရင်းဆိုပြီး ဝင်စစ်တာ၊ သူတို့က ဧည့်စာရင်းစစ်ရင်းနဲ့
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 3 Views
ဇွန်လ (၁၇)ရက်။ လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ(၁၅)ရက်က မိတ္ထီလာမြို့ကိုသွားရောက်ခဲ့ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ်ထဲ ကျင်းပမယ်လို့ အစောပိုင်းကာလတွေက ပြောဆိုခဲ့တာတွေရှိပေမယ့် အခုအချိန်အထိ
မြန်မာသတင်း

အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားမယ်လို့ PNLA ပြော

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၁၅)ရက်။ ဘ၀တူညီနောင်တွေနဲ့အတူ အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားတယ်လို့ PNLA (၁၇)နှစ်ပြည့်အခမ်းအနားအနေနဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကာလ (၁၇)နှစ်တိုင်တိုင် PNLA အနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဇွန်လ (၁၅)ရက်။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်၊ တဖွဲ့အပေါ်မှာ မူတည်တာမရှိစေဘဲ
မြန်မာသတင်း

ဒီပဲယင်းမြို့က ထွေ/အုပ်ရုံးအပါအဝင် စစ်ကောင်စီနေရာတွေ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ မနေ့က နံနက်(၅)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့ထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်(အမေ့သား)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီပဲယင်းမြို့ထဲက ထွေ/အုပ်ရုံးအပါအဝင် ဇွဲစားသောက်ဆိုင်နဲ့ အထက(၁)ကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်ဘက်က