နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ရေးအရှိန်မြှင့်တင်မယ့်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းအား ညနေ ၆နာရီမှ နံနက် ၆နာရီထိ သွားလာခြင်းမပြုဖို့ စစ်ဒေသခွဲ(၂)ထုတ်ပြန်


၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၁)ရက် ၊ ခေတ်မျက်လုံး။

စစ်ရေးအရှိန်မြှင့်တင်ဆောင်ရွက်မှာဖြစ်တာကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်းကို ညနေ ၆နာရီမှ နံနက် ၆နာရီထိ သွားလာခြင်းမပြုဖို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲကွပ်ကဲရေးရုံးက ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။



အမှတ်(၂)စစ်ဒေသခွဲအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြှင့်တင်ခြင်းနဲ့စပ်လျဉ်းပြီး ယနေ့ ဇူလိုင်လ ၁ရက်နေ့မှာ အသိပေးထုတ်ပြန်လာတာပါ။

ပြည်သူများအနေနဲ့ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနဲ့ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်းများအား နေ့စဉ် ည ၆နာရီမှ နံနက် ၆နာရီအတွင်း သွားလာခြင်းမပြုဖို့ ဆိုထားပါတယ်။

သတ်မှတ်လမ်းပိုင်းများအတွင်း နေ့အချိန် ခရီးသွားလာရာမှာ မော်တော်ယာဉ်များအား မှန်ချပြီး မောင်းနှင်ရန်နဲ့ တာဝန်အရ စစ်ဆေးခြင်းအား ကြည်ဖြူစွာလက်ခံဖို့အပါအဝင် လိုက်နာရန်ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်များကို တာဝန်ယူမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ဇွန်လ ၂၉ရက်နေ့ကလည်း စစ်ကောင်စီအပေါ် တော်လှန်ရေးမှာ စစ်ရေးအရ ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်သွားဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 9 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင်
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 23 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 25 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 50 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ ရုံးပိတ်ရက်အတွက် ယူကရိန်း နှင့် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ၎င်းသည်
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 48 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 57 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့