နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီ ဘောလခဲမြို့နယ် တိုက်ပွဲတွင် အပေါ့စားတိုက်ခိုက်ရေး လေယာဥ်တစီးကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းပစ်ချခဲ့ဟုဆို

ကရင်နီ ဘောလခဲမြို့နယ် အတွင်း တိုက်ပွဲတွင် အပေါ့စားတိုက်ခိုက်ရေး လေယာဥ်တစီးကို တော်လှန်ရေးအဖွဲ့တွေ က ပူးပေါင်းပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီတပ်ဖွဲ့နှင့် နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန်လ ၃၀ရက် နေ့လယ်က ရွာသစ်မြို့နယ်ခွဲ တာဆန်းလဲရွာအနီးမှာအဲဒီလေယာဉ်ကိုပစ်ချနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်တပ်ဖွဲ့ နဲ့ နီးစပ်တဲ့သူတွေက စစ်ကောင်စီရဲ့ K-8အမျိုးအစား လေယာဉ်ဖြစ်တယ်လို့ ‌ပြောကြပါတယ်။

အဲဒီလို ပစ်ခတ်လိုက်တာကြောင့် လေယာဥ်ငယ်ဟာ သံလွင် မြစ်ဘေးနားကိုပျက်ကျသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကရင်နီဒေသခံတစ်ဦးကလည်း ” ဖြစ်စဉ်တော့မသိပေမယ့် သူတို့အနေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကိုတစ်ခေါက်ဗုံးကြဲပြီး အဲဒီဘက် လှည့်လာတော့ အဲဒီမှာရှိတဲ့ ကလေးတွေက ဝိုင်းပစ်ကြတယ်ပြောတယ် ကလလတက။ ဝိုင်းပစ်ကြတော့ ဘယ်လိုဖြစ်တယ်တော့ မသိဘူး သံလွင်ဘေးနားမှာ ကျသွားတယ်ပြောတယ်။ သံလွင်ဘေးမှာရေထဲတော့ မဟုတ်ဘူး။ သံလွင်ဘေးလို့ အဲဒီလိုပြောတယ်” ဟု ပြောသည်။

“ ကျတော်တို့ ကလလတ ဗဟိုကလည်း အတည်ပြုပြီးပါပြီ။ ပစ်ချနိုင်ခဲ့ပါတယ်။ ဟတ်စကီးတော့ မဟုတ်ဘူး။ တိုက်လေယာဉ်ပါ၊ ဘာအမျိုးအစားလဲတော့ အတည်မပြုနိုင်သေးဘူး။ မြေပြင်ကို နှိမ့်နှိမ့်လေး ကပ်ပျံသွားလို့ လက်နက်ငယ်တွေနဲ့ပဲ ဝိုင်းပစ်ချ နိုင်ခဲ့ပါတယ်လို့ မြေပြင်က ရဲဘော်တွေက သတင်းပို့လာပါတယ်။” လို့ ကလလတ တာဝန်ရှိသူတဦးက ကရင်နီစစ်​ရေးသတင်းများ​ဖော်ပြ​ပေး​​နေသည့် Karenni’s Voice ကိုအတည်ပြုပြောကြားထားပါတယ်။

K-8 လေယာဉ်တို့သည် အမောင်းသင် ဂျက်တိုက်လေယာဉ်နှင့် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အမျိုးအစားများဖြစ်ပြီး ဝေဟင်-ဝေဟင် စစ်ဆင်ခြင်း၊ ဝေဟင်-မြေပြင်စစ်ဆင်ခြင်း၊ အနီးကပ်လေကြောင်း ပစ်ကူပေးခြင်း၊ ပိုင်းဖြတ်တိုက်ခိုက်ခြင်း၊ လက်နက်တပ်ဆင်ကင်းထောက်ခြင်းနှင့် လွှဲပြောင်းသင်တန်းပို့ချခြင်းတာဝန်များကို လုပ်ဆောင်နိုင်တယ်လို့သိရပါတယ်။

#Era’sEye/ (စစ်ကောင်စီ၏ K-8 လေယာဉ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – စကစ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယောဒေသမှာ အရန်အင်အားစုဆိုပြီး မဖြစ်မနေ စစ်ပညာသင်တန်းတက်ရောက်ရမယ်လို့ ကာကွယ်ရေးအဖွဲ့တွေထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 15 Views
‌ဧပြီလ (၂၅)ရက်။ ယောဒေသမှာ အရန်အင်အားစုတွေအနေနဲ့ အသက် (၁၈)နှစ်ကနေ (၃၀)နှစ်ထဲရှိသူတွေ မဖြစ်မနေ စစ်ပညာသင်သင်တန်း တက်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

ရေစကြိုမှာ ကျေးရွာတွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဧပြီလ 25 ရက်
  • 36 Views
ဧပြီလ (၂၄)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က ရေစကြိုမြို့နယ်မှာ ခလရ(၂၅၈)တပ်ကို သွားတဲ့လမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 36 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ တောင်ပိုင်းကရင်ပြည်နယ်မှာ တတိယလှိုင်းစစ်ဆင်ရေးလုပ်ဖို့ ကေအင်ယူက စတင်နေပြီလို့ ကေအင်ယူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကော့ကရိတ်နဲ့
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 29 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာကြောင့် အခြေအနေ မကောင်းတော့ ဘူးဆိုတာ သိလာတာတဲ့အတွက် ဘုရားသုံးဆူကို ကြိုတင်ဂွင်ပြောင်းခဲ့တာကို
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 30 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 28 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 23 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့