နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အာဏာသိမ်း (၂) နှစ်ကျော်အတွင်း ကရင်နီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃၀၀) ကျော်သေဆုံးခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် (၂) နှစ်ကျော်ကာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃၃၆) ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဒီကနေ့ စက်တင်ဘာလ (၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကစပြီး ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်အထိ ကရင်နီပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စာရင်းအကျဉ်းချုပ်ကို PKPF က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အာဏာသိမ်းပြီးနောက် (၂) နှစ်ကျော်အတွင်း ကရင်နီပြည်မှာ တိုက်ပွဲပေါင်း (၈၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှု (၆၁၉) ကြိမ်ရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၃၃၆)ဦးသေဆုံးပြီး KNDF ပူးပေါင်းတပ်ဘက််က (၃၂၂) ဦး ကျဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့ပြင် ကရင်နီပြည်မှာ သတ်ဖြတ်ခံရတာကြောင့် အရပ်သားသေဆုံးမှု (၃၈၀)ဦးရှိပြီး စစ်ဘေးရှောင်ပြည်သူ သေဆုံးသူ (၁၄၂) ဦးနဲ့ မတရားဖမ်းဆီးခံရသူ (၁၉၂)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်အတွင်း စစ်ကောင်စီယာဉ်တန်း ပျက်စီးမှု (၆၅)စီးရှိခဲ့ပြီး နေအိမ် (၁၇၀၀) ပျက်စီးခဲ့သလို ဘာသာရေးအဆောက်အအုံ (၄၂) ခု ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Eraseye\news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်ထောင်မှာ ဆရာဝန်မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 1 Views
အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၁၇)ရက်နေ့က ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဦးရဲအောင်(ခ)ကိုချင်း လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

KNLA ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးနေရာကို စစ်ကောင်စီက ‌အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က KNU ရဲ့ တပ်မဟာ (၇) ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးကို စစ်ကောင်စီက
မြန်မာသတင်း

စီးပွားရေးလုပ်ငန်းရှင် (၂၇)ဦးဆီက ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ စီးပွားရေးလုပ်ငန်းရှင်‌တွေဆီကနေ ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၀)ရက်နေ့က ပြင်ဦးလွင်မြို့နယ်ရှိ မိုးကြိုးပစ်ကျေးရွာမှာ ခြိမ်းခြောက်ငွေတောင်းခံသူ (၂)ဦး ရောက်ရှိနေတယ်လို့ သတင်းရရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာလို့
မြန်မာသတင်း

နိုင်ငံ့စီးပွားရေး ဦးမော့လာပေမယ့် အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 10 Views
အောက်တိုဘာလ (၂၂)ရက်။ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပေမယ့် ဒေသထဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဓိကဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို
မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်း (၃)ကြိမ်တိုက်ခိုက်ခဲ့၊ (၁)နှစ်ခွဲကလေးအပါအဝင် သားအမိ (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 6 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန် မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၄)စီးနဲ့ ‌လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ “ မတ္တရာအနောက်ခြမ်း
မြန်မာသတင်း

ဝေါမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောင်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျု‌စောထီးတွေရှိတဲ့ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်မှာ စစ်ခွေးနဲ့ ပျူတွေရှိနေတဲ့
မြန်မာသတင်း

ကောလင်း ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 11 Views
အောက်တိုဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းရှိ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ နံနက် (၁၀)နာရီ (၂၆)မိနစ်နဲ့ (၁၁)နာရီလောက်မှာ ဥက္ကကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာကို စစ်ကောင်စီက
မြန်မာသတင်း

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ ရဟတ်ယာဉ်နဲ့ လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 15 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီ (၂၃)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ‌၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “