နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတူပီ- ပလက်ဝ လမ်းပိုင်းမှာ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြား (ရုပ်/သံ)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ CDF တို့ ဆက်တိုက်ဆိုသသို တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်နေ့၊ ညနေပိုင်းက မတူပီ-ပလက်ဝ လမ်းမပေါ်မှာ အကြမ်းဖက်စစ်သားတွေကို CDF Matupi က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့သလို မတ်လ ၂၉ ရက်နေ့၊ မနက်ပိုင်း မိုင်တိုင် ၂၂ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ထောက်ပို့ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၂၉ ရက်နေ့၊ နေ့ခင်းအချိန် မတူပီ-ပလက်ဝ လမ်းမပေါ်မှာရှိတဲ့ ကလားကျေးရွာ တိုက်ပွဲမှာ စစ်သား ၁၃ ဦး သေဆုံးခဲ့သလို မတ်လ ၃၁ ရက်နေ့၊ မနက် ၈ နာရီခန့်ကလည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တာ ကြောင့် အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်သားတွေက ကုလားအောက်ရွာက လူနေအိမ် ၅ လုံးနဲ့ ကုလားအပေါ်ရွာက လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ CDF Matupi တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်က မြို့နယ်အချို့မှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး VPN တွေကိုပါ စစ်ဆေးနေ

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 0 Views
ဇွန်လ (၁၇)ရက်။ ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ စစ်ကောင်စီလက်အောက်ခံတွေက ဧည့်စာရင်းအကြောင်းပြပြီး VPN အသုံးပြုတာရှိမရှိကို စစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဇွန်လ 17 ရက်
  • 1 Views
ဇွန်လ (၁၇)ရက်။ လာမယ့် ၂၀၂၅ခုနှစ်ထဲ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ(၁၅)ရက်က မိတ္ထီလာမြို့ကိုသွားရောက်ခဲ့ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားမယ်လို့ PNLA ပြော

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဇွန်လ (၁၅)ရက်။ ဘ၀တူညီနောင်တွေနဲ့အတူ အာဏာရှင်စနစ်တွေကို အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ဆက်လက်ပါ၀င်လက်တွဲသွားတယ်လို့ PNLA (၁၇)နှစ်ပြည့်အခမ်းအနားအနေနဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကာလ (၁၇)နှစ်တိုင်တိုင် PNLA အနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဇွန်လ (၁၅)ရက်။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာမှာ တစ်ဦးတစ်ယောက်၊ တဖွဲ့အပေါ်မှာ မူတည်တာမရှိစေဘဲ
မြန်မာသတင်း

ဒီပဲယင်းမြို့က ထွေ/အုပ်ရုံးအပါအဝင် စစ်ကောင်စီနေရာတွေ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ မနေ့က နံနက်(၅)နာရီခွဲအချိန်မှာ ဒီပဲယင်းမြို့ထဲက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်(အမေ့သား)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီပဲယင်းမြို့ထဲက ထွေ/အုပ်ရုံးအပါအဝင် ဇွဲစားသောက်ဆိုင်နဲ့ အထက(၁)ကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးတပ်ဘက်က
မြန်မာသတင်း

စိုးမိုးနယ်မြေတွေရှိ ဆေးရုံဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 8 Views
ဇွန်လ (၁၄)ရက်။ (၃)နှစ်တာကာလထဲ စိုးမိုးနယ်မြေတွေရှိ ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း (၇၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၂၁ခုနှစ် ဧပြီလ (၁၆)ရက်ကစပြီး ၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့အထိ
မြန်မာသတင်း

တိုက်ပွဲငြိမ်နေတဲ့ ဆီဆိုင်မြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ ဇွန်လ 14 ရက်
  • 7 Views
ဇွန်လ (၁၄)ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ ထီစဲခါးမှာ အထိုင်ချတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကရင်နီဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ Pa-O Youth Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အခုအခါ မြေပြင်မှာ တိုက်ပွဲငြိမ်နေတယ်လို့ ယူဆနိုင်ပေမယ့်
မြန်မာသတင်း

တီးတိန်မြိုတိုက်ပွဲမှာ PDF Zoland နဲ့ CNDF တပ်ဖွဲ့ဝင် စုစုပေါင်း ၅ ဦးကျဆုံး

  • 2024 ခုနှစ်၊ ဇွန်လ 13 ရက်
  • 11 Views
++++++++++++++++++++++++++++++++++++++++++ ဇွန်လ (၁၃) ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း (PDF Zoland) က ဒီနေ့ ဇွန်လ (၁၃) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တီးတိန်မြိုမှာ