နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာပြည်က လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေ၊ပြည်သူများမှာ မီးမရသဖြင့် အလုပ်အကိုင်များ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်

မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန် – မန္တလေးတို့လို မြို့ကြီးတွေမှာ လျှပ်စစ်မီးတွေဘာကြောင့်ပြတ်တောက်နေရသလဲဆိုတာနဲ့ပတ်သက်လို့ အချက် ၃ ချက်ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဧပြီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရ နွေရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့ကျနေတာခြင်းနဲ့ ၂၄ နာရီ ပတ်လုံးဓာတ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖောက်ခွဲခံရတာကြောင့် ကာလရှည်ကြာစွာ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားလုံးဝမရရှိတာ၊ နေ့ညအပူချိန်တက်လာလို့ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်သုံးစွဲမှု ၂၅၀ မဂ္ဂါဝပ်ခန့်တိုးမြင့်လာတာတွေ ကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယအချက်အနေနဲ့ မတ်လ ၂၇ ရက်နေ့က ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်းက တာဝါတိုင်(၂) တိုင်ဖေါက်ခွဲဖျက်ဆီးခံရ တဲ့အတွက် မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ နိုင်ငံတော်ဓာတ်အားစနစ်ကို (၈၀) မဂ္ဂါဝပ် ၂၄ နာရီပတ်လုံးဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အား ဖြန့်ဖြူးမှုကို ထိခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ဆုံးတစ်ချက်အနေနဲ့ လုံခြုံရေးကြောင့် တာဝါတိုင်တွေ ပြုပြင်ခြင်းလုပ်ငန်းက ခန့်မှန်းတစ်ပတ်ခန့်ကြာမြင့်နိုင်ပြီး အရေးပေါ် ဝန်အားလျှော့တာ၊ ယာယီဝန်အားလျှော့ချရတာတွေကိုနားလည်ပေးဖို့ဆိုပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အခုလို ဖြစ်ရပ်တွေကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ မီးမရသဖြင့် အလုပ်အကိုင်များနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေလျက်ရှိပြီး အခုကာလအတွင်းမှာ စိတ်ဒုက္ခ အပေးဆုံးမှာ လျှပ်စစ်မီး ဖြစ်တယ်လို့ တညီ တညွတ်တည်းပြောဆိုနေကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့ ပေါ် ရပ်ကွက်နေ ပြည်သူတဦးက ခေတ်မျက်လုံး ကို အခုလိုပြောပါတယ် “ ဒီလိုဗျာ မီးမလာ ပြတ်တဲ့အကြောင်းတော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲ ဗျ အတော်စိတ်ညစ်ဖို့ကောင်းတယ် ၊ မနက် ထမင်းအိုး‌လေး အပြေးအလွှားတည်နေတုန်း ပြတ်ကနဲ ဆိုပြတ် ၊ ရေတင်နေတုန်း ပြတ် အို အမျိုးမျိုးပြတ် ဗျာ ၊ လာချင်လာတယ် မလာချင် မလားဘူး အချိန်လည်း မမှန်တော့ဘူး ” ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

Yangon 4 Brothers နဲ့ ရန်ကုန်ဒရုန်းတို့ မဟာမိတ်တွေအနေနဲ့ လက်တွဲ

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 7 Views
မတ်လ (၂၂)ရက်။ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့(Yangon 4 Brothers)နဲ့ ရန်ကုန်ဒရုန်းတို့ လက်တွဲပြီး မဟာမိတ်တွေအနေနဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပြစ်မှုကျူးလွန်ပြီး ပြည်နှင်ခံရတာကြောင့် ပြန်လာမယ့်သူတွေကို လက်ခံမယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 15 Views
မတ်လ (၂၂)ရက်။ ပြည်ပနိုင်ငံတွေမှာ ပြစ်မှုကျူးလွန်ကာ ပြည်နှင်ခံရတာကြောင့် ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို ကြိုဆိုလက်ခံသွားမယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ
မြန်မာသတင်း

အင်းတော်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 12 Views
စစ်ကောင်စီဘက်က (၃၃)ဦးသေဆုံးပြီး (၃၁)ဦး ဖမ်းမိခဲ့တယ်လို့ MOD ထုတ်ပြန် မတ်လ (၂၂)ရက်။ မတ်လ (၁၅)ရက်နေ့က အင်းတော်မြို့ကို စစ်ကူလာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 10 Views
မတ်လ (၂၂)ရက်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ၂၀၂၅အလွန် ဗဟိုဝင်ရိုးကမ္ဘာ သုံးသပ်ဆွေး‌နွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့ပေမယ့် ပြည်ပက အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်တာတွေကြောင့်
မြန်မာသတင်း

ထီးလင်းမှာ စစ်ကောင်စီလေကြောင်းကြောင့် ကျောင်းသူတွေအပါအဝင် (၄)ဦးသေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 21 Views
မတ်လ (၂၁)ရက်။ မနေ့က နံနက် (၂)နာရီအချိန်ခန့်က ထီးလင်းမြို့ အလယ်ဘန်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။ “ စကစက အလယ်ဘန်းရွာက နေရာတော်တော်များများကို ရော့ကတ်၊ မီးလောင်ဗုံး၊ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

(၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 13 Views
မတ်လ (၂၁)ရက်။ (၄)နှစ်တာထဲ တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဆင်နွှဲခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့ တော်လှန်ရေး (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-Hakha အနေနဲ့ ဟားခါးမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်း (၁၉)ကြိမ်ရှိခဲ့ရာ (၁၇)ကြိမ် တိုက်ခိုက်ခဲ့ပြီး
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ ပစ်ခတ်ဖမ်းဆီးတာတွေကြောင့် ပြည်သူ (၅၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 13 Views
မတ်လ (၂၁)ရက်။ ဒီကနေ့ နံနက် (၇)နာရီဝန်းကျင်က ရေစကြိုမြို့နယ် မိုးကွဲရွာကို စစ်ကောင်စီက ပစ်ခတ်ဝင်ရောက်ပြီး စစ်ဘေးရှောင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ Yesagyo Township Info Committee ထံက သိရပါတယ်။ “ ငတရော်ရွာကနေ
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 10 Views
မတ်လ (၂၁)ရက်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ငွေကြေးမသမာမှုတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ကလောတပ်နယ်ကို ရောက်ရှိတဲ့အချိန် ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချို့စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့တွေဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်တာမရှိဘဲ ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်းအချို့ အခက်အခဲတွေ