နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒုံသမိစစ်ဆေးရေးဂိတ်ကို KNU နဲ့ ပူးပေါင်းအဖွဲ့ဝင်တိုက်၊ ဒုရဲမှူးအပါအဝင် ရှစ်ဦး သေဆုံး

မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးမှာရှိတဲ့ ဒုံသမိတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး မဟာမိတ်အဖွဲ့တွေ ဇွန် ၁ ရက်နေ့မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလို တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဘက်က ဒုရဲမှူး နဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ KNU တပ်မဟာ ၁ က သတင်းထုတ်ပြန်ပါတယ်။

အလားတူပဲ ဇွန်လ ၁ ရက် မနက် ၅ နာရီ ဝန်းကျင်က ဘီးလင်းမြို့နယ် သံတံတား စစ်ဆေးဂိတ်ကို KNU နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တစ်နာရီ နီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို နှစ်ဖက်တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

နှစ်နေရာ တိုက်ပွဲမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က လည်း ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Era’sEye/Photo/CRD

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမစခင် တရက်အလို နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးအလုံးရေ (၁၇၀)ကျော် တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 4 Views
ခေတ်မျက်လုံးပရိဿတ်များ ခေတ်မျက်လုံးရဲ့ဒီတနင်္ဂနွေနေ့ LIVE ဆွေးနွေးမဲ့ ခေါင်းစဥ်ကတော့ အများစိတ်ဝင်စားနေတဲ့ “အာဂျင်တီးနားဝရမ်းနဲ့စကစ” “တရုတ်ဖိအားနဲ့ TNLA” “ထိုင်းဖြတ်တောက်မှုနဲ့ BGF” ဖြစ်ပါတယ်
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်ကောင်စီဂိတ်စခန်း (၃)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ည (၁၂)နာရီအချိန်က လယ်ဒိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဂိတ်စခန်း (၃)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီဂိတ်တွေဟာ နရွဲပင်ဂိတ်စခန်း၊
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အင်းစိန်ထောင်က ရိုဟင်ဂျာ (၉၀၀)ကျော်ကို စစ်ကောင်စီ ရခိုင်ပို့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီဝန်းကျင်ခန့်ကစပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်းစိန်ထောင်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ
မြန်မာသတင်း

ရွှေကုက္ကိုလ်နဲ့ KK Park က ကျားဖြန့်လုပ်ကိုင်တဲ့ နိုင်ငံခြားသား (၈၀၀)နီးပါးကို စစ်ကောင်စီ ဖမ်းဆီး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ မြဝတီမြို့ ရွှေကုက္ကိုလ်နဲ့ KK Park မှာ ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှုတွေကျူးလွန်တဲ့ နိုင်ငံခြားသား (၇၉၉)ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကနေတဆင့် မြန်မာနိုင်ငံကို
မြန်မာသတင်း

အခုနှစ်မှာ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ အခု ၂၀၂၅ခုနှစ်မှာ ချင်းပြည်ထဲ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေ ကင်းစင်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်ကောင်စီ ဒုဥက္ကဋ္ဌ(၁) Salai Men Nyo က (၇၈)နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

မြဝတီတောင်ဘက် ကနဲလေးရွာတိုက်ပွဲထဲ စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၅)ရက်နေ့က ကနဲလေးစခန်းကို
မြန်မာသတင်း

မင်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၅)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မင်းလှမြို့ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွေးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ထံက သိရပါတယ်။ “ ဇရစ်မျှောင်ကျေးရွာမှာနေတဲ့ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး သန်းထွေးကို သူ့ရဲ့နေအိမ်မှာပဲ