နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနဲ့ လှည့်စားနေတယ်လို့ NUG ပြော

အကြမ်းဖကကောင်စ သူ့အာဏာတည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနဲ့ လှည့်စားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ်လ ၁ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ဒီအခင်းအကျင်းထဲမှာ အကြမ်းဖက်စစ်ကောင်စီက သူ့အာဏာတည်မြဲရေးအတွက် လူထုကို နိုင်ငံရေးနည်းနဲ့ လှည့်စားနေတာတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် လူထုကို နည်းမျိုးစုံနဲ့ လှည့်ဖြားနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။ လူထုကို အတုအယောင် ရွေးကောက်ပွဲနဲ့ လှည့်ဖြားဖို့ ကြိုးစားတာတွေ့ရတယ်”လို့ သူက ပြောကြားပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်အရာမဆို ချနင်းဖို့လည်း ဝန်မလေးဘူးဆိုတာ ထင်ရှားကာ အခုအခါမှာတော့ ပြည်သူတွေဟာ ချနင်းခြင်းကို ခံနေရပြီး NUG အနေနဲ့ ဒါကို အစွမ်းကုန် ပြန်လည်ကာကွယ်တားဆီးဖို့ အထူးတာဝန်ရှိတယ်လို့ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီရဲ့ နိုင်ငံရေးလှည့်ဖြားတာတွေကြားထဲမှာ ပြည်သူတွေ ဝေဝါးထွေပြားတာမျိုး မဖြစ်သွားဖို့နဲ့ အမြဲနိုင်ငံရေးသတိရှိစေဖို့အပြင် စစ်ကောင်စီလက်အောက်က စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို အမြင်မှန်ရအောင် လူထုနိုင်ငံရေးနည်းတွေသုံးပြီး လုပ်ဆောင်ဖို့ ယာယီသမ္မတက တိုက်တွန်းခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ လုပ်နေကျလမ်းဟောင်းကြီးအတိုင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နာမည်ကို အသုံးချပြီး တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေပြန်ပြီလို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Era’sEye /News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 1 Views
မတ်လ (၁၉) ရက်။ မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ်
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 1 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 5 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စစ်ကိုင်းဘက်ကလာတဲ့ PDF
မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 12 Views
မတ်လ (၁၉)ရက်။ ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့်
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၈)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင်
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပံလှရွာ ထပ်မံဗုံးကြဲခံရပြီး (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 23 Views
မတ်လ (၁၈)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်က စဉ့်ကူးမြို့ရှိ လက်ပံလှရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လက်ပံလှရွာ လေကြောင်းထပ်မံတိုက်ခိုက်ခံရတဲ့ထဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်ထဲ
မြန်မာသတင်း

မန္တလေးမှာ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ မနေ့က ည (၇)နာရီအချိန် မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ထွန်တုံးရပ်ကွက် (၅၄)နဲ့ (၅၅)ကြားက ငွေချေးလုပ်ငန်း ဓါးပြတိုက်ခံရတာ။ အဲ့ဒီမှာ အမျိုးသမီး