နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

သာယာဝတီထောင်မှာ ဆေးဝါးသွင်းခွင့်အပါအဝင် ထောင်ဝင်စာပို့ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လာ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာတီအကျဉ်းထောင်မှာ ထောင်ဝင်စာပို့ခွင့်ကန့်သတ်ထားသလို ဆေးဝါးသွင်းခွင့်ပါပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

အရင်က အကျဉ်းသား (၁) ဦးကို (၁) လစာလောက်အထိ ပို့ခွင့်ရပေမယ့်လက်ရှိမှာအကျဉ်းသား (၁) ဦးအတွက် အသားဟင်း (၂၅) ကျပ်သား မာမားခေါက်ဆွဲ (၅) ထုပ် ကော်ဖီမစ် (၇) ထုပ်သာ သွင်းခွင့်ရပြီး အခြားပစ္စည်းတွေကိုပါ ကန့်သတ်ထားတာလို့ ဆိုပါတယ်။

အရင်က တိုင်းရင်းဆေး၊ နိုင်ငံခြားဆေးတွေလည်း သွင်းလို့ရပေမယ့် အခုသွင်းခွင့်မရတော့လို့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးကို စိုးရိမ်ကာ မိသားစုဝင်တွေ စိတ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထောင်ဝင်စာသွင်းခွင့်ကို တပါတ်စာသာ ပို့ခွင့်ပြုသလို ထောင်ကနေအကျဉ်းသားတွေကို ရောင်းချပေးတဲ့ ဈေးဆိုင်ကိုလည်း မရောင်းချဘဲ ပိတ်ထားတယ်လို့ ဆိုပါတယ်။

Eraseye\news

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်ထောင်မှာ ဆရာဝန်မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 1 Views
အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၁၇)ရက်နေ့က ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဦးရဲအောင်(ခ)ကိုချင်း လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

KNLA ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးနေရာကို စစ်ကောင်စီက ‌အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က KNU ရဲ့ တပ်မဟာ (၇) ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးကို စစ်ကောင်စီက
မြန်မာသတင်း

စီးပွားရေးလုပ်ငန်းရှင် (၂၇)ဦးဆီက ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ စီးပွားရေးလုပ်ငန်းရှင်‌တွေဆီကနေ ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၀)ရက်နေ့က ပြင်ဦးလွင်မြို့နယ်ရှိ မိုးကြိုးပစ်ကျေးရွာမှာ ခြိမ်းခြောက်ငွေတောင်းခံသူ (၂)ဦး ရောက်ရှိနေတယ်လို့ သတင်းရရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာလို့
မြန်မာသတင်း

နိုင်ငံ့စီးပွားရေး ဦးမော့လာပေမယ့် အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 10 Views
အောက်တိုဘာလ (၂၂)ရက်။ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပေမယ့် ဒေသထဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဓိကဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို
မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်း (၃)ကြိမ်တိုက်ခိုက်ခဲ့၊ (၁)နှစ်ခွဲကလေးအပါအဝင် သားအမိ (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 6 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန် မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၄)စီးနဲ့ ‌လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ “ မတ္တရာအနောက်ခြမ်း
မြန်မာသတင်း

ဝေါမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောင်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျု‌စောထီးတွေရှိတဲ့ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်မှာ စစ်ခွေးနဲ့ ပျူတွေရှိနေတဲ့
မြန်မာသတင်း

ကောလင်း ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 11 Views
အောက်တိုဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းရှိ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ နံနက် (၁၀)နာရီ (၂၆)မိနစ်နဲ့ (၁၁)နာရီလောက်မှာ ဥက္ကကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာကို စစ်ကောင်စီက
မြန်မာသတင်း

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ ရဟတ်ယာဉ်နဲ့ လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 15 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီ (၂၃)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ‌၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “