နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ချင်းဒေသကာကွယ်ရေးတပ် CDF – ကန်ပက်လက်တပ်ဖွဲ့ဝင်နှစ်ဦးကို ဆော – PDF တပ်ရင်း (၃) အဖွဲ့ဝင်များက ရိုက်နှက်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီလောက်မှာ ဆောမြို့နယ်မှ ကန်ပက်လက်မြို့ကိုအပြန် လမ်းခုလတ်တနေရာမှာ ရိုက်နှက်ခံခဲ့ရခဲ့တယ်လို့ သိရပါတယ်။


ရိုက်နှက်ခံရမှုကြောင့် CDF တပ်ဖွဲ့ဝင်နှစ်ဦး ဦးခေါင်းပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆော-PDF နဲ့ CDF-ကန်ပက်လက်အဖွဲ့တွေဟာ တော်လှန်ရေးအစကတည်းက မဟာမိတ်တွေ ဖြစ်ကြပေမယ့် ဆော – PDF တပ်ရင်း (၃) က လက်နက်တွေကို NUG ဆီက လက်ခံရရှိခဲ့ပြီးတဲ့နောက် လက်နက်အင်အား တောင့်လာချိန်မှာ လက်နက်အင်အား မတောင့်တင်းတဲ့ CDF-ကန်ပက်လက်အဖွဲ့ကို ခြိမ်းခြောက်တိုက်ခိုက်တာတွေ ဖြစ်လာတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ဆောမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆော- ကန်ပက်လက်လမ်းမှာ ဖြတ်သန်းသွားလာသူတွေကို မကြခဏ ရိုက်နှက်လေ့ရှိတဲ့ ဖြစ်စဉ်တွေရှိကြောင်း ဒေသခံရင်းမြစ် သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲ့ဒီလမ်းပိုင်းမှာ ဆော-PDF က ကန်ပက်လက်ပြည်သူများနဲ့ CDF တပ်ဖွဲ့ဝင်များအပေါ် ရိုက်နှက်တဲ့ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း ဒေသတွင်း အခြေနေတွေ ဖော်ပြနေတဲ့ Kanpetlet Voice မှာလည်း ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်ဟာ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ဆောမြို့နဲ့ ကန်ပက်လက်မြို့ဟာ ၁၂ မိုင်လောက်ပဲ ကွာဝေးပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 7 Views
မတ်လ (၁၅)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အမျိုးအစားတွေဟာ အခြားချိုးဖောက်မှုတွေအနေနဲ့ (၁၃၇)မှုနဲ့ အများဆုံးဖြစ်ပြီး ပစ္စည်းတွေဖျက်ဆီးခံရတာ (၁၃၀)မှု၊
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂)
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပူးလူးတူးစခန်း သိမ်းပိုက်ရရှိခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတွေ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ပူးလူးတူးစခန်းကို သိမ်းပိုက်ရရှိခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ မှတ်တမ်းဓါတ်ပုံတွေနဲ့ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ(၃၁) ပွိုင့် (၁၂၄၈) ပူးလူးတူးခြေကုပ်စခန်းကို KNLA တပ်မဟာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 10 Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လူအင်အားတွေ၊
မြန်မာသတင်း

စဉ့်ကူးမြို့ လက်ပံလှရွာဈေး စစ်ကောင်စီ ဗုံးကြဲခံရပြီး အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 7 Views
မတ်လ (၁၅)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က စဉ့်ကူးမြို့ လက်ပံလှရွာ လူစည်ကားတဲ့ဈေးတန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ လက်ပံလှရွာက အဝေးပြေးကားတွေ ‌ခဏရပ်ပြီး ခရီးသည်တွေ ထမင်းစားနားတဲ့