နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

တရုတ်

တရုတ် ဗဟိုဘဏ်

တရုတ်နိုင်ငံ ICBC ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်၊ ရန်ကုန်။

တရုတ်နိုင်ငံ၊ The Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ၏ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းကြား ငွေပေးချေမှုစနစ် (Cross-border Interbank Payment System -CIPS) တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ICBC ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

ICBC ရန်ကုန်ဘဏ်ခွဲက မြန်မာနိုင်ငံမှာ ပထမဦးဆုံး CIPS System ရဲ့ တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် ဆောင်ရွက်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ CBM NET System ကို ချိတ်ဆက်တဲ့အတွက် ပြည်တွင်းဘဏ်တွေအနေနဲ့ CIPS System နဲ့ ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် ယွမ်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်မှာ Indirect Participant များအနေနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

ထိုသို့ နိုင်ငံတကာငွေပေးချေမှုများ ဆောင်ရွက်ရာတွင် SWIFT အပြင် အခြားသော ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ပိုမိုလွယ်ကူမြန်ဆန်ချောမွေ့စေမည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်းကိုလည်း ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်က “ ICBC ရန်ကုန်ဘဏ်ခွဲ အနေနဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်ယွမ်ငွေကို အသုံးပြုပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ စာရင်းရှင်းလင်းခြင်းလုပ်ငန်း ပိုမိုတိုးတက်လာအောင် ဆောင်ရွက်တာနဲ့ပတ်သက်ပြီး အထူးအသိအမှတ်ပြုပါတယ်။ ICBC ရန်ကုန်ဘဏ်ခွဲအနေနဲ့ဆက်လက်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလုပ်ငန်း အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အသစ်အသစ်သော ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြခဲ့ပါသည်။

ICBC ရန်ကုန်ဘဏ်ခွဲသည် မြန်မာနိုင်ငံတွင် ဘက်စုံ တရုတ်ယွမ်ငွေကြေး ဝန်ဆောင်မှုပေးသော ပထမဆုံးနိုင်ငံခြားစီးပွားရေးဘဏ်ဖြစ်ပြီး တရုတ်နှင့် မြန်မာ လုပ်ငန်းရှင်များအတွက် ယွမ်ငွေအကောင့်ဖွင့်ခြင်း၊ အပ်ငွေလက်ခံခြင်း၊ ကုန်သွယ်မှုလုပ်ငန်းငွေပေးချေခြင်း၊ ငွေကြေးလုပ်ငန်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Source/Photo: ဆင်ဟွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့်
တရုတ် မြန်မာ့နိုင်ငံရေး

“တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး”

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 22 Views
ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်း (၅၂)မှာဆွေးနွေး ကြမဲ့ ခေါင်းစဥ်ကတော့ “တရုတ်အာဏာစက်အောက် အတုအယောင်ငြိမ်းချမ်းရေး” ဘဲ ဖြစ်ပါတယ်၊ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်အာဏာသိမ်းပြီး ဖြုတ်ချ
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 43 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
တရုတ်

စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေထဲ တရုတ်ရဲ့ ကြံရာပါ ပူးပေါင်းပါဝင်နေတာကို JFM ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 26 Views
ဇွန်လ (၁၇)ရက်။ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကြံရာပါ ပူးပေါင်းပါဝင်နေတာတွေအပေါ် Justice For Myanmar(JFM)က မနေ့က ပြင်းထန်စွာ ရှုတ်ချထားတယ်လို့ သိရပါတယ်။ တရုတ်ဟာ စစ်အုပ်စုကို အဓိက စစ်လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံအနေနဲ့
တရုတ်

မင်းအောင်လှိုင်အစိုးရရဲ့ ဆောင်ရွက်တာတွေကို ထောက်ခံတယ်ဆိုပြီး ရှီကျင့်ဖျင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၇)ရက်။ မင်းအောင်လှိုင်အစိုးရရဲ့ ဆောင်ရွက်တာတွေနဲ့ နိုင်ငံနဲ့ကိုက်ညီတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းတာတွေကို ထောက်ခံတယ်ဆိုပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က မနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို အလေးထားကာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို
တရုတ် မြန်မာသတင်း

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 24 Views
ဇွန်လ (၁၂)ရက်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ဟာ အခုလပထမအပတ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ ရှိနေချိန် ဖမ်းဆီးခံရတာလို့
တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား

ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနှင့် ‘ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု’ အားကောင်းစေရန် တရုတ်သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် ဘေဂျင်း/ဆိုးလ် — တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် သီးခြားကမ္ဘာဖြစ်နေသော မြောက်ကိုရီးယားနိုင်ငံသို့ ခုနစ်နှစ်အတွင်း ၎င်း၏ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး ခမ်းနားထည်ဝါစွာ ကြိုဆိုမှုကို လက်ခံရရှိပြီးနောက်
တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့အား တရုတ်နိုင်ငံတွင် တစ်ဦးပြီးတစ်ဦး ရက်ပိုင်း မျှသာခြား၍