နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟုမ္မလင်း ရွှေပြည်အေးမြို့ကို PDF တပ်ဖွဲ့တွေ သိမ်းပိုက်၊ မြို့မရဲစခန်းကလွဲပြီး ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ထားနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်‌ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ (၁) ရက်နေ့မှာ သိမ်းပိုက်လိုက်နိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက ဖေဖေါ်ဝါရီလ (၂) ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ မဟာမိတ်ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်ထားလိုက်တာဖြစ်ပြီး နှစ်ဘက်တိုက်ပွဲ တွေ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ရဟတ်ယဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မြို့တွင်းတိုက်ပွဲ ထပ်မံ ဖြစ်ပွားခြင်း မရှိသေးဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် ‌ဒေသခံ တချို့ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။ PDF နဲ့ ပူးပေါင်းတပ်တွေဟာ ရွှေပြည်အေးမြို့သစ်က ဆေးရုံ၊ အထွေထွေ အုပ်ချုပ်ရေးရုံးနဲ့ ဌာနဆိုင်ရာရုံးတွေကို ထိန်းချုပ်ထားလိုက်ပြီး မြို့မရဲစခန်းကိုတော့ မသိမ်းနိုင်သေးဘူးလို့ ‌ဒေသခံတွေက ပြောပါတယ်။

မြို့တွင်းတိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံ ပြည်သူတွေကို ဟုမ္မလင်း PDF က အသိပေး ထုတ်ပြန်ထားပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ဟာ အရင်စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေးက မြို့သစ်တည်ပေးခဲ့တာဖြစ်ပါတယ်။ အကျယ်အဝန်း ၃.၉၆ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၂,၅၀၀ ကျော်နေထိုင် တယ်လို့ သိပါတယ်။

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့်၊ မိုးညှင်း၊ အနောက်ဘက်မှာ တမူးမြို့တို့နဲ့ ထိစပ်နေပါတယ်။ လက်ရှိအချိန်မှာ နှစ်ဘက်စစ်ရေး အလွန်တင်းမာနေတဲ့အတွက် ဒေသခံ ပြည်သူများအနေနဲ့ ဟုမ္မလင်း- ရွှေပြည်အေး ၊ ရွှေပြည်အေး- ဖောင်းပြင်စတဲ့ ရေလမ်း ခရီးသွားလာခြင်းကို လုံးဝမပြုလုပ်ကြဖို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို