ကလေးမြို့နယ်မြောက်ပိုင်းတွင် သုံးရက်ဆက် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကို အလွန်အကျွံအသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ဒေသခံ ပြည်သူ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ကလေးမြို့မြောက်ပိုင်းရှိ ကျေးရွာများကို မတ် ၃၀ ရက်မှ ယနေ့ထိ ထိုးစစ်ဆင်လာသဖြင့် ဒေသခံကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ပျူရွာများမှတစ်ဆင့် လက်ပံချောင်းရွာနှင့် ချမ်းသာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာစဥ် တော်လှန်ရေးအဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်မှုများကာ အထိနာခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို မြေပြင်က စစ်ကောင်စီတပ် အထိနာ နေချိန်မှာ လေကြောင်းကနေ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေနဲ့ စစ်ကူပေးနေခြင်းဖြစ်ကြောင်းUpper Chindwin Region-CNO/CNDF က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသာမက ကလးမြို့ပေါ်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ပါပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။ စစ်ကောင်စီတပ်ကို CNDF တပ်ရင်း(၄) ၊ CNDF Vakok၊ တာဟန်PDF ၊CDM-Siyin ၊CDF-KKG၊ Chin Refils၊ PDA စသောဒေသခံကာကွယ်တပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်နေကြောင်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်လက်ပံချောင်း၊ မြောက်ချောင်း၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊အောင်ရွာ၊ ပြည်တော်သာ၊ ရာဇဂြိုလ်၊ ဆည်ကြီး စသည့် ကလေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ၂၀ ခန့် က ပြည်သူ သုံးသောင်းကျော် ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရ ပြီးစစ်ရှောင်များအတွက်လည်း အရေးပေါ်လိုအပ်ချက်များစွာ ဖြစ်ပေါ်နေ
တယ်လို့သိရပါတယ်။
Photo – CJ (စစ်ဘေးရှောင်ပြည်သူများနှင့် စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွင်အသုံးပြုနေသောရဟတ်ယာဥ်တစ်စီး။