နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရားမျှတရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွဲသွားမည်ဟု KNPP ထုတ်ပြန်

ကရင်နီအမျိိုးသားတိုးတက်ရေးပါတီ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ကရင်နီအမျိိုးသားထုတရပ်လုံး ဖိနိုပ်မှုမှလွတ်မြောက်ပြီး တရားမျှတရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွဲသွားမည်ဖြစ်တယ်လို့ KNPP ကထုတ်ပြန်လိုက်ပါတယ်။


မေလ(၂)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိိုးသားတိုးတက်ရေးပါတီ (KNPP)တည်ထောင်ခြင်း (၆၆)နှစ်ပြည့် မှာ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ KNPP အနေနဲ့ လက်နက်ကိုင်စွဲ တိုက်ပွဲ ဝင်ခဲ့သော်လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့တာကို ဖာ်ပြထားတာပါ။ ကရင်နီပြည်သူ တရပ်လုံး ဖိနှိပ်မှုမှ လွတ်မြောက်စေရန်အတွက် တိုက်ပွဲ ဝင်ရာမှာ လက်နက်ကိုင် တော်လှန်ရေးကို နိုင်ငံရေး ပန်းတိုင်ရောက်ရှိရန် အတွက် အထောက်ကူပြုသည့် တိုက်ပွဲ ဝင်စနစ်တခုအဖြစ် ကျင့်သုံးသော်လည်း နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းဖြင့် သာ ဖြေရှင်းနိုင်မည်ဟုယုံကြည်တဲ့အတွက် ငြိမ်းချမ်းရေးတည်ဆောက်ရန် တွေ့ဆုံဆွေးနွေးပွဲများကိုလည်းပါဝင်ခဲ့ပြီး နိုင်ငံရေး အဖြေရှာနိုင်ဖို့ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါပေမယ့်လည်း အတုအယောင်ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်လိုတဲ့ မြန်မာစစ်အုပ်စုက တိုင်းပြည်အာဏာကိုထပ်မံသိမ်းယူလ်ုက်ပြီးနောက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပေါ်ပေါက်လာတဲ့ အာဏာရှင်စနစ်မှန်သမျှ ကို တိုက်ဖျက်ရေး နဲ့ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေး တိုက်ပွဲ ကြီးမှာ တော်လှန်ကြတဲ့ ပြည်သူတရပ်လုံးဘက်ကရပ်တည်ပြီးကရင်နီအမျိုးသားတိုတက်ရေးပါတီရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ကရင်နီအမျိုးသားထုတရပ်လုံး ဖိနှိပ်မှုမှလွတ်မြောက်ပြီး တရားမျှတရေးနဲ့ကိုယ်ပိုင် ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ခုခံတော်လှန်ရေး တိုက်ပွဲကိုဆက်လက်ဆင်နွဲသွားမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ဖော်ပြထားပါတယ်။
Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 9 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 15 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 21 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်တွေထံက သိရပါတယ်။ “ ဒီပဲယင်းနယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာကို အကြမ်းဖက်မင်းအောင်လှိုင်ကျွန်တွေက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဝေဟင်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားတဲ့ သဘောထားကို သုံးသပ်ကြဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
ဧပြီလ (၂၃)ရက်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လဲ