ဆောမြို့နယ်ထဲက ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသအသီးသီးက စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ အမိုးအကာ စတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း- The Youth Force – Saw & Kyaukhtu က သြဂုတ်လ (၂) ရက်မှာ ထုတ်ပြန်လာပါတယ်။
တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေရဲ့အခက်အခဲ အကြပ်တည်း တွေကို တစ်ဖက်တစ်လှမ်းကနေ ကြိုးစားကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။
ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)ဟာ နယ်မြေအတွင်းမှာရှိတဲ့ စစ်ရှောင် တွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။
နယ်မြေလုံခြုံရေးအရ ဆေးရုံ ၊ ဆေးခန်းများ နေရာ အတည်တကျ ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးပေမယ့် ရွေ့လျားဆေးခန်းအနေနဲ့ ကြိုးစား အကောင်ထည်ဖော်ဆောင်ရွက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Era’sEye\News