နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

လောင်းလုံးမြို့မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၁၀) ဦး သေဆုံးကာ ကာကွယ်ရေးတပ်ဘက်က (၃) ဦး ကျဆုံးခဲ့

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၃) ရက်၊ ခေတ်မျက်လုံး။

လောင်းလုံးမြို့မှာ စစ်ကောင်စီတပ်နဲ့ ဗထူးစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့ ဩဂုတ်လ (၃) ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၂၂) ရက်နေ့ မနက် (၃) နာရီအချိန်က လောင်းလုံးမြို့နယ်၊ နခံတေရွာရှိ ရပ်ခံတောင်ပေါ်ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နေရာကို မြေတင်ကား (၃) စီး၊ အင်အား (၁၅၀) ဦးနဲ့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ မနက် (၆) နာရီ (၂၀) မိနစ်အချိန်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဗထူးစစ်ကြောင်းတို့ မိနစ် (၂၀) ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ဗထူးစစ်ကြောင်းက ရဲဘော်(၃) ဦးကျဆုံးကာ (၁) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် စစ်ကောင်စီစစ်ကြောင်းက ခမောင်းတောင်ကျေးရွာကနေ တောင်မင်းပြောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာတော့ ဗထူးစစ်ကြောင်းက အင်အားပြင်းမိုင်း (၄) လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က (၁၀) ဦးသေဆုံးကာ (၂၀) ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက တောင်မင်းပြောင်ရွာကို ဆက်လက်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေအပြင် နေအိမ် (၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

နေ့လည် (၁) နာရီအချိန်မှာလည်း တောရှည်ရွာဘက်ကနေ ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗထူးစစ်ကြောင်းက ဒရုန်းနဲ့ ဗုံးသီး(၈)လုံး၊ 79 လက်လုပ် လက်နက် (၆၀) လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါ (၇) ဦးထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဇူလိုင်လ (၂၃) ရက်နေ့မှာတော့ တောင်မင်းပြောင်ရွာကနေ မြို့ဟောင်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အသင့်တိုက်ခိုက်ဖို့ ဗထူးစစ်ကြောင်းက စောင့်ဆိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က လူသားတံတိုင်း အသုံးပြုလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း ဒေသတွင်း စစ်ရေးတင်းမာနိုင်တဲ့ အခြေအနေတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာကြဖို့ အသိပေးတိုက်တွန်းပြောဆိုထားပါတယ်။

#Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို