နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

တော်လှန်ရေးမှာ ကွဲပြားစုံလင်မှုတွေကနေ ညီညွတ်တဲ့အင်အားကို တည်ဆောက်ရမယ်လို့ NUG ယာယီသမ္မတပြော

တော်လှန်ရေးမှာ ပေးဆပ်ခဲ့ကြသူတွေကို အမှတ်ရပြီး ကွဲပြားစုံလင်မှုတွေကနေ ညီညွတ်တဲ့အင်အားကို တည်ဆောက်ကာ မြဲမြံစွာ ဆုပ်ကိုင်ထားရမှ ာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာ့နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံ ညီလာခံကို တက်ရောက်ပြီး အဖွင့်စကား ပြောကြားခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာလ (၂) ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ကွဲပြားစုံလင်မှုတွေက ညီညွတ်တဲ့ အင်အားဖြစ်စေပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ လက်တွဲ တိုက်ထုတ်နေကြတာဖြစ်ပါတယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ ကိုးကွယ်ယုံကြည်မှုမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ပါ၀င်ကြပြီး အားလုံးရဲ့ တူညီတဲ့ စိတ်အားထက်သန်မှုဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးဖြစ်တယ်ဆိုတာ မြင်တွေ့ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်အာဏာရှင်တွေဟာ နေ့စဉ်လူမှုဘ၀ အတွေးအခေါ်အားလုံးကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး နွေဦးတော်လှန်ရေးကတော့ အဲ့ဒီအတွေးအခေါ်အဟောင်း၊ အမူအကျင့်ဟောင်းတွေကို တွန်းလှန်ဖယ်ရှားကာ အဖိနှိပ်ခံတွေအချင်းချင်း ညီညွတ်မှုနဲ့ ကွဲပြားစုံလင်တဲ့ အင်အားကို ပြသနိုင်ခဲ့တယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ အကြမ်းဖက်စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် နည်းအမျိုးမျိုးနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေတာကို သတိပြုရမှာဖြစ်ပြီး အဲ့ဒီလိုပဋိပက္ခတွေ ဖြစ်မလာဖို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက်အနေနဲ့ ကြိုးစားဆောင်ရွက်နေမယ်ဆိုတာ ယုံကြည်ကြောင်း ဆိုပါတယ်။

ကွဲပြားစုံလင်မှုကို ညီညွတ်တဲ့အင်အားဖြစ်စေပြီး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်စတူညီမျှမှုနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 68 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 73 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 54 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို