တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးတပ်တှေက ပူးပေါင်းတပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း (၂) ဆီက သိရပါတယ်။
ဩဂုတ်လ (၃၁) ရက် နေ့လယ်ပိုင်းက သကျက်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ ခမရ (၅၆၁) စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင်တပ်ရင်း-၂၊တပ်ခွဲ (၁)၊ တနင်္သာရီမြို့နယ် (ပကဖ) အဖွဲ့တို့အကြား တိုက်ပွဲတစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကာကွယ်ရေးရဲဘော် တစ်ဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိ တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအရှိန်မြှင့် လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိရှိရှိ သွားလာနေထိုင်ကြဖို့ PDF စစ်ရုံးချုပ်က သတိပေးထားပါတယ်။