နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောင်ထွေအုပ်ရုံးကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးမှာစခန်းချနေတဲ့ စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီး ၁၀ လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ထွေအုပ်ရုံးထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မနေ့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ဒရုန်း ၅ စီး ဗုံးသီး ၁၀ လုံးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အဆက်မပြတ် တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ရုန်းဗုံးချတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို CDSOM (မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့)၊ မြောင်မြို့နယ် ပလဖ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မြောင်အမျိုး သမီးစစ်သည်တော်အဖွဲ့ M2W၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ -MSPDF၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃၊ မြောင်မြို့မတိုက်နယ်နဲ့ နဂါးပေါက်တိုက်နယ် ပကဖ၊ Blood Brother၊ ဗိုလ်တထောင်အဖွဲ့၊ Bomb God အဖွဲ့၊ မြောင်မြို့နယ် ပကဖ ဒုတာဝန်ခံ ဗိုလ်တောက်ထွန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေက အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 7 Views
မတ်လ (၂၀)ရက်။ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်တိုက်ခိုက်တာတွေက တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်နေတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့
မြန်မာသတင်း

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ပြီး မြန်မာအရေး ပံ့ပိုးကူညီဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 9 Views
မတ်လ (၂၀)ရက်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို ကျော်လွန်ကာ မြန်မာပြည်သူရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်တရပ်ကို ပံ့ပိုးကူညီဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 7 Views
မတ်လ (၁၉) ရက်။ မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှိ အကောက်ခွန် စစ်ဆေးရေးဂိတ် အနောက်ဘက်ရှိ ခြံဝင်းတွင်
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 8 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၁၅)လောက်မှာ စခတွေက
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 39 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA က ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စစ်ကိုင်းဘက်ကလာတဲ့ PDF
မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 14 Views
မတ်လ (၁၉)ရက်။ ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့်
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၈)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင်
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “