နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးကောက်ယူမှု လုပ်ငန်းတွေ စတင်နေ

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးကောက်ယူမှုကိုအောက်တိုဘာ ၁ ရက်မှ ၁၅ ရက်ထိတနိုင်ငံလုံးရှိ မြို့နယ်၂၀ မှ စတင်ကောက်ယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ရည်ရွယ်ထားတဲ့ စစ်ကောင်စီက ၁ နှစ်အလိုမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု အပြီးသတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး နိုင်ငံပိုင်သတင်းတွေမှာတော့ သန်းခေါင်စာရင်း စမ်းသပ်ကောက်ယူမှုကို ပုသိမ်၊ မော်လမြိုင်၊ ပဲခူး၊ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ချင်းပြည်နယ် ဟားခါးနဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွေ ပါဝင်တယ်လို့‌ ဖော်ပြထားပါတယ်။

ဖော်ပြထားတဲ့နေရာတွေဟာ လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ကာ အခုလို စမ်းသပ်သန်းခေါင် စာရင်းကောက်တာဟာ ရွေးကောက်ပွဲ မဲစာရင်းအတွက် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့သောကြာနေ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီဟာ သန်း ခေါင်စာရင်းကောက်နိုင်မှာ မဟုတ်သလို ရွေး ကောက် ပွဲလည်းဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ လက်ရှိအခြေအနေမှာ စစ်ကောင်စီက အရူးမီးဝိုင်းဖြစ်နေတာလေ။ နိုင်ငံသားတယောက်အနေနဲ့ပြောရင် တိုင်းပြည်တည်ငြိမ်မှ ရွေးကောက်ပွဲအောင်မြင်အောင်လုပ်လို့ရမှာ အခုက ပြည်သူတွေ ဖရိုဖရဲ ဖြစ်နေတာလေ။ ကောက်တယ်ဆိုရင်တော့ ဒါဟာ မြို့မှာနေတဲ့သူနဲ့ တောထဲရောက်သွားတဲ့အရေတွက်ကို တွက် ချက်ချင်တာပဲ ဖြစ်မှာ” လို့ ပြောဆိုထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်တာတွေ ပေါ်ပေါက်နေပေမယ့် စစ်ကောင်စီက ပြည်လုံးကျွတ်

သန်းခေါင်စာရင်း မဖြစ်မနေကောက် ယူဖို့ စိုင်းပြင်းနေဝာာပါ။ ဒါပေမယ့် သန်းခေါင်စာ ရင်း ကောက်ယူဖို့လုပ်ငန်းစဉ်တွေကို အရင်က ပြည် ပနိုင်ငံတွေရဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေရခဲ့ပေမယ့် အခုတော့ အဲဒီအကူအညီတွေ မရတော့ဘူးလို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

အဲဒီလိုစစ်ကောင်စီရဲ့အတုအယောင်ရွေး ကောက်ပွဲဟာတရားမဝင်လို့ လူထုအနေနဲ့ မပူးပေါင်းကြဖို့ ၊ စာရင်းကောက်ယူရာမှာ ပါဝင်သူတွေကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေး ယူသွားမယ်လို့ NUG ဘက်ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် အစိုးရကတော့ စစ်ကောင်စီလက်ထက်မှာလုပ်တဲ့ ဘယ်ရွေးကောက်ပွဲမဆို အတုအယောင်သာ ဖြစ်တယ်လို့ ပြောထားပြီး၊ ဒီလုပ်ရပ်ကြောင့် သွေးထွက်သံယို ပဋိပက္ခတွေ ပိုများလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့