နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်အာဏာရှင်က မြန်မာကို ဒေသတွင်းနဲ့ ကမ္ဘာပေါ်မှာ ပြစ်မှုနဲ့ မတည်ငြိမ်မှု အဓိကဖော်ဆောင်တဲ့နိုင်ငံ ဖြစ်စေခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်အာဏာရှင်ဟာ မြန်မာနိုင်ငံကို ဒေသတွင်းနဲ့ ကမ္ဘာပေါ်မှာ ပြစ်မှုနဲ့ မတည်ငြိမ်မှု အဓိကဖော်ဆောင်တဲ့နိုင်ငံ ဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။


အောက်တိုဘာလ (၂)ရက်နေ့က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပပြုလုပ်တဲ့ ပြစ်မှု၊ သတင်းအချက်အလက်နဲ့ နည်းပညာခေါင်းစဉ်အောက်မှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားချိန်ကစပြီး ကောင်းမွန်နေတဲ့ တိုးတက်မှုတွေအားလုံး ပြောင်းပြန်အခြေအနေရှိခဲ့ကာ UNODC ရဲ့ အစီရင်ခံစာအရ ဘိန်းစိုက်ပျိုးမှု (၃၃)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယမန်နှစ်အတွင်း ဘိန်းထုတ်လုပ်မှု နှစ်ဆခန့်မြင့်တက်လာတယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေအတွက် ဦးတည်ရာ လမ်းဆုံးတစ်ခုဖြစ်လာမှုက ထိတ်လန့်ဖွယ်ကောင်းလာပြီး မြန်မာ့သမိုင်းမှာ အရင်က မရှိခဲ့ဘူးသလို ဘိန်းနဲ့ မီသာဖီတမင်းမှောင်ခိုကူးမှု တဟုန်ထိုးမြင့်တက်လာတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါ့ပြင် ကမ္ဘာ့နိုင်ငံပေါင်း (၄၆)နိုင်ငံကျော်က လူထောင်သောင်းချီအား မြန်မာနိုင်ငံကို မတရားလူကုန်ကူးတာ၊ ရှုပ်ထွေးလှတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဆိုးရွားတဲ့ အန္တရာယ်ကပ်ဆိုးကို ရပ်တန့်စေဖို့ အကြမ်းဖက်ပြီး ဥပဒေမဲ့နေတဲ့ စစ်တပ်ကို အပြီးတိုင်ချုပ်ငြိမ်းစေပြီး အရပ်သားဖက်ဒရယ်ဒီမိုကရေစီအစိုးရ တည်ဆောက်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာမှာ မူးယစ်ဆေးဝါးတွေနဲ့ မှုခင်းတွေ ပပျောက်ရေးအတွက်သာမက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထွန်းလားလာစေဖို့ ထိရောက်ခိုင်မာတဲ့ ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်ရန် သံအမတ်ကြီးက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို