၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။
KIA နဲ့ PDF တပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်လာပါတယ်။
မြစ်ကြီးနားမြို့အခြေစိုက် စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ KIA/PDF ၁၀ ဦး အလင်းဝင်ရောက်လာတယ်လို့ မြဝတီသတင်းမှာ ဖော်ပြထားတာပါ။
ပြစ်မှုကျူးလွန်မှုမရှိတဲ့ KIA၊ PDF အဖွဲ့ဝင် ၁၀ ဦးလို့ဆိုကာ မျက်နှာကိုကာထားတဲ့ ပြောက်ကျားယူနီဖောင်းဝတ်အမျိုးသားတွေကို ဖော်ပြထားပါတယ်။
ဒါ့အပြင် AK 47 ၄ လက်၊ KO လက်နက်ငယ် ၂ လက်၊ AK 47 ၄၀ တွဲ ၁ လက်၊ M 79 ၂ လက်၊ စနိုက်ဘာ ၁ လက်နဲ့ ၅.၅၆ ကျည် ၄၅၀၊ ၇.၆၂ စနိုက်ဘာကျည် ၁၅၀၊ ၄၀ မမ ဗုံးသီး ၂၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနဲ့ အလင်းဝင်ရောက်လာလို့ ထောက်ပံ့ငွေ ၁၆၅ သိန်းပေးအပ်တယ်လို့ ဆိုပါတယ်။