နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

Hamas-Israel Conflict

Hamas-Israel Conflict Thai

ဟားမတ်စ်က ဖမ်းဆီးထားသည့် ထိုင်းဓားစာခံများ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံကြိုးပမ်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဘန်ကောက်။

ထိုင်းနိုင်ငံသည် ဟားမတ်စ်က ဖမ်းဆီးထားသည့် ထိုင်းဓားစာခံများ လွတ်မြောက်ရေးအတွက် အီရန်နှင့် အခြားနိုင်ငံများနှင့် ဆွေးနွေးနေသည်။ ဟားမတ်စ်က ပြန်ပေးဆွဲသွားသူ ၂၄၀ ကျော်ရှိသည့်အနက် ထိုင်းနိုင်ငံသား ၂၃ ဦးထက်မနည်းပါဝင်သည်။ ထိုင်းနိုင်ငံသည် ပါလက်စတိုင်းရှိ ဟားမတ်စ်အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်နိုင်သည့် အီရန်နှင့် အခြား အဆက်အသွယ်ရှိနေသည့် ဒေသဆိုင်ရာ အစိုးရများနှင့် ထိုင်းဓားစာခံ နှစ်ဒါဇင်နီးပါးကို ဘေးကင်းစွာ လွှတ်ပေးရန် ကြိုးစားနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အရှေ့အလယ်ပိုင်းရှိ ထိုင်းနိုင်ငံ၏ ထိပ်တန်းသံတမန် ပရန်ပရီး ဘာဟစ်ဒ နုကာရ (Parnpree Bahiddha-Nukara) က အီရန်သည် ဟားမတ်စ်တို့နှင့် နီးစပ်မှုရှိပြီး စေ့စပ်ညှိနှိုင်းမှုများတွင် အကူအညီပေးရန် ကတိပြုထားကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ၏ ၇၅ နှစ်တာသမိုင်းတစ်လျှောက် အသေအပျောက် အဆိုးရွားဆုံးနေ့တွင် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့မှုအတွင်း လူပေါင်း ၁၄၀၀ ခန့်သေဆုံးခဲ့ပြီးထိုအထဲတွင် ထိုင်းနိုင်ငံသား အနည်းဆုံး ၂၃ ဦးထက်မနည်း သေဆုံးခဲ့သည်။

ကာတာ၊ အီရန်နှင့် အီဂျစ်တို့သည် ဓားစာခံများကို ဟားမတ်စ်က ချက်ချင်းပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံ၏ တောင်းဆိုမှုကို ပေးပို့ရန် သဘောတူညီခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“သူတို့က ဟားမတ်စ်တွေကို ပြောပြစေချင်တယ်၊ အကြောင်းကတော့ ဟားမတ်စ်တွေက စိုက်ပျိုးရေးလုပ်သားတွေပဲဆိုတာ မသိမှာကို စိုးရိမ်လို့ပါ” ဟု ပရန်ပရီး(Pranpree) က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုင်းအလုပ်သမား ၃၀၀၀၀ ခန့်သည် အစ္စရေးတွင် အဓိကအားဖြင့် လယ်ယာကဏ္ဍတွင် အလုပ်လုပ်ကြပြီး ၎င်းတို့ထဲမှ ၇၂၀၀ ခန့်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ ဟားမတ်စ်ကို ထောက်ခံကြောင်း အီရန်က ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့်လက အစ္စရေးကို စစ်သွေးကြွများ၏ တိုက်ခိုက်မှုတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်း မရှိပေ။

အယ်ဒီတာမှတ်ချက်။

ဟားမတ်စ်တို့က ထိုင်းလူမျိုးများသည် စိုက်ပျိုးရေးလုပ်သားများ ဖြစ်ကြောင်း သိရှိပြီး ရည်ရွယ်ချက်ရှိရှိနှင့် ဖမ်းဆီးသွားပုံရသည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးတို့က ထိုင်းလူမျိုးများကို ပါလက်စတိုင်းနိုင်ငံသားများနေရာတွင် အစားထိုး အသုံးပြုခဲ့သည့်အတွက် ပါလက်စတိုင်းများ အလုပ်လက်မဲ့ ဖြစ်ရသည်ဟု ယုံကြည်ပုံရသည်ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 126 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 156 Views
လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 145 Views
အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

စိတ်မနှံ့တဲ့ ပါလက်စတိုင်းလူငယ်ကို ပစ်ခတ်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 166 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်။ အနောက်ဘက်ကမ်းက ဟီဘရွန်မြို့အနီး ပါလက်စတိုင်းစိတ်ဝေဒနာရှင်လူငယ်တစ်ဦးကို အစ္စရေးစစ်သားတွေ ပစ်ခတ်ခဲ့တဲ့ဗီဒီယိုထွက်ပေါ်လာပြီးတဲ့နောက် အဲဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ အစ္စရေးကာကွယ်ရေးယူနစ် (IDF) က ပြောပါတယ်။ တာရတ်အဘူအေဘက်လို့ ခေါ်တဲ့ ပါလက်စတိုင်းလူငယ်ကို အစ္စရေးစစ်သား
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် အယ်လ်ရှီဖာဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံး

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 128 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ဂါဇာ။ ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သော အယ်လ်ရှီဖာဆေးရုံကို အစ္စရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းမှုကြောင့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင် အထူးကြပ်မတ်ကုသဆောင် (ICU) မှ လူနာအများစု သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကာတာရှိ
Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ တည်ရှိမှုကို အစ္စရေးက လက်မခံနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးပြော၊ ပါလက်စတိုင်းများအနေနှင့် ဆန္ဒအလျောက် ရွှေ့ပြောင်းနေထိုင်ရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 125 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။ ထင်ရှားသော လွှတ်တော်အမတ်များသည် ဂါဇန်လူဦးရေကို အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရန် အကြံပြုပြီးနောက် အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ် ဆမိုတစ် (Bezalel Smotrich) က ဂါဇာတွင် သီးခြားလွတ်လပ်သော
Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 162 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။ အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင်
Hamas-Israel Conflict စစ်ရေးသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံကို အစ္စရေးစစ်တပ်က တိုက်ခိုက်ပြီး ဆေးရုံလေးရုံကို ဝိုင်းရံပိတ်ဆို့ထား

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 163 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ လွန်ခဲ့သည့် နာရီပိုင်းအတွင်းတွင် အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်ရှိ ဆေးရုံသုံးရုံနှင့် မြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံတို့ကို ဝိုင်းရံထားသည်။ ပူးတွဲပါ ဗီဒီယိုသည် နိုဝင်ဘာလ (၉) ရက်နေ့ညပိုင်းတွင် အစ္စရေးစစ်တပ်က