နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို ခြေမှုန်းခြင်းမှ ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေးသည် ၎င်း၏ ထိုးစစ်ပြုလုပ်နေမှုကို ရပ်တန့်ရန် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲခံထားရသည့် နိုင်ငံတကာတရားရုံး (ICJ) ညျွန်ကြားချက်ကို လိုက်နာမည် မဟုတ်ကြောင်း နေတန်ယာဟုက ဆိုခဲ့သည်။ အီရန်နှင့် အရှေ့အလယ်ပိုင်းရှိ အီရန်၏ မဟာမိတ်အဖွဲ့များကို ရည်ညွှန်းပြီး စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက “ဟေ့ဂ် ရှိ နိုင်ငံတကာတရားရုံး (ICJ) သာမကဘဲ၊ မကောင်းဆိုးဝါး ဝင်ရိုးတန်းနိုင်ငံများနှင့် အခြားမည်သူမဆို ကျွန်ုပ်တို့ကို မည်သူကမျှတားဆီးနိုင်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် တောင်အာဖရိကမှ တရားရုံးသို့ တင်လာသော လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး နေတန်ယာဟုက ပြောကြားရာတွင် “အရေခြုံ တိုက်ခိုက်မှုတစ်ခု” ဖြစ်ကာ ဂျူးလူမျိုးများအပေါ် နောက်ထပ် မီးလောင်တိုက်သွင်းမှု ထပ်မံကျူးလွန်ရန် ကြံစည်သူများ၏ ညွှန်ကြားမှုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ “ဒါဟာ နိုင်ငံတွေရဲ့ သမိုင်းမှာ အကျင့်စာရိတ္တ နိမ့်ကျတဲ့ အချက်ပါပဲ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ဂါဇာရှိ ဟားမတ်စ်ဥမင်လိုဏ်ခေါင်းများတွင် အဒေါ့ဖ်ဟစ်တလာ၏ “Mein Kampf” စာတမ်း မိတ္တူများ အပါအဝင် ဂျူးဆန့်ကျင်ရေး ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ရသည်ဟု ဝန်ကြီးချုပ်က အခိုင်အမာပြောဆိုခဲ့သည်။ ထို့အပြင် နေတန်ယာဟုက “ဂါဇာရှိအိမ်တစ်အိမ်တွင် ကလေး၏တက်ဘလက်တစ်လုံးတွင် ဟစ်တလာ၏ရုပ်ပုံကို Screensaver အဖြစ် အသုံးပြုထားသည်ကို ၎င်းတို့တွေ့ရှိခဲ့ကြောင်းဆိုသည်။

နေတန်ယာဟုက ဂျူးလူမျိုး ဆန့်ကျင်ရေးဝါဒသည် တူညီစွာရှိနေသော်လည်း ဂျူးလူမျိုးများသည် မတူကွဲပြားကြသော်လည်း ဆန့်ကျင်သူမှန်သမျှကို အဆုံးတိုင်အောင် တိုက်ခိုက်သွားမည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ‘ကျွန်ုပ်တို့ အဲဒါကို အဆုံးသတ်ဖို့လိုတယ်’ -ဟု သတင်းစာရှင်းလင်းပွဲအတွင်း နေတန်ယာဟုက အစ္စရေးသည် အီဂျစ်နှင့် ဂါဇာကြား နယ်နိမိတ်အဖြစ် တည်ရှိသော ၁၄ ကီလိုမီတာအကွာရှိ ဖီလာဒဲဖီစင်္ကြန်ကို မပိတ်နိုင်ပါက စစ်ပွဲကို အဆုံးမသတ်နိုင်ဟု အလေးပေးပြောကြားခဲ့သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အပြည့်အဝထိန်းချုပ်နိုင်ခွင့်ရရှိမည်ဖြစ်သည်။

အီဂျစ်နှင့် နယ်နိမိတ်ကို အစ္စရေးမှ လက်လှမ်းမမီအောင် ထားရှိခွင့်ပြုခြင်းသည် ၎င်းတို့၏စစ်ပွဲတွင် အနိုင်ရရှိထားမှုများကို အခက်အခဲဖြစ်စေသည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

“ဟားမတ်စ်တွေကို ငါတို့ခြေမှုန်းပစ်မယ်၊ ဂါဇာကို စစ်မဲ့ဒေသဖြစ်စေမယ်၊ စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားသေစေနိုင်လောက်တဲ့ လက်နက်တွေက ဒီတောင်ဘက်အဖွင့်က ဝင်ရောက်လာမှုတွေ ဆက်ရှိနေမှာဖြစ်လို့ ပိတ်ပစ်ဖို့ လိုအပ်ပါတယ်” ဟု နေတန်ယာဟုက ရှင်းပြသည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာမက်အဘူဇအစ် (Ahmed Abu Zeid) က အီဂျစ်သည် ၎င်း၏နယ်နိမိတ်များကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စနေနေ့က အီဂျစ်ရုပ်မြင်သံကြားလိုင်း ဆာဒါအယ်ဘလတ် (Sada Al-Balad) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“အီဂျစ်သည် ၎င်း၏နယ်နိမိတ်များကို အပြည့်အဝထိန်းချုပ်ထားပြီး အဆိုပါကိစ္စရပ်များသည် ပတ်သက်သည့်နိုင်ငံများအကြားတွင် တရားဥပဒေနှင့် လုံခြုံရေးသဘောတူညီချက်များအတိုင်း လိုက်နာနိုင်သောကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုတိုင်းကို ယေဘုယျအားဖြင့် စိစစ်ရမည်ဖြစ်သည်” ဟု Abu Zeid က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 55 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက