နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အကြီးတန်းခေါင်းဆောင်တစ်ဦးသေဆုံးသွားခဲ့ပြီလို့ ဟားမက်စ်အတည်ပြု

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်တောင်ပိုင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အကြီးတန်းခေါင်းဆောင်အချို့ သေဆုံးခဲ့တယ်လို့ ဂါဇာအခြေစိုက် ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခတွေ ပိုမိုကြီးထွားလာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ မီဒီယာလက်ရုံးဖြစ်တဲ့ Al-Aqsa TV ရဲ့အဆိုအရ သေဆုံးခဲ့သူတွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ နံပါတ်နှစ် နိုင်ငံရေးဝါဒီ ဆာလာ အယ်လ်-လူရီ ဖြစ်ပြီး “ ဇီယွန်ဝါဒီတွေ (ဂျူးအမျိုးသားရေးဝါဒီများ) ရဲ့ သူရဲဘောကြောင်တဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ အာဇာနည်တစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အယ်လ်-လူရီဟာ ဟားမတ်စ်အဖွဲ့ရဲ့ လက်ရုံးတက်ဖွဲ့ဖြစ်တဲ့ Qassam Brigades ကို တည်ထောင်သူ တစ်ဦးဖြစ်ပြီး ဘေရွတ်မြို့မှာ အခြေစိုက်ထားတာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အခြားစစ်ခေါင်းဆောင်နှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က အတည်ပြုခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံပိုင်သတင်းဌာန NNA ကတော့ ဘေရွတ်မြို့ဆင်ခြေဖုံးက ဟားမတ်စ်ရုံးကို တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူလေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဒေသဟာ အီရန် ကျောထောက်နောက်ခံ ပြုထားတဲ့ အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ နေအိမ်တွေရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဟားမတ်စ်ရဲ့ ကြေညာချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုထားပြီး သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာတော့ ” ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်ဖို့ ကျွန်တော်တို့ အာရုံစိုက်နေပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ဟောင်း Danny Danon က အယ်လ်-လူရီလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး အစ္စရေးရဲ့ လုံခြုံရေးနဲ့ထောက်လှမ်းရေးအေဂျင်စီအဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပျက်အစီးများအောက်တွင် ပိမိနေခဲ့သော ချစ်ရသူတို့၏ ရုပ်အလောင်းများကို မိသားစုများက ပြန်လည်တူးဖော် ရရှိချိန်တွင် ဂါဇာတွင် ဝမ်းနည်းပူဆွေးမှုများ ပြန့်နှံ့လာခဲ့သည်။

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1 Views
ဇန်နဝါရီ (၂၄) ရက်။ တနင်္ဂနွေနေ့က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက လူ ၁၆၂ ဦး၏ ရုပ်အလောင်းများကို နယ်မြေအသီးသီးတွင် ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ အပစ်ရပ်ထားပြီးနောက် အစ္စရေးသည် အနောက်ဖက်ကမ်းသို့ ခြေဦးလှည့်လာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 2 Views
ဇန်နဝါရီလ (၂၄) ရက်။ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အစ္စရေးတို့ သိန်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ကလေးတစ်ဦး အပါအဝင် ပါလက်စတိုင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်တို့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 9 Views
ဇန်နဝါရီလ (၂၃) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုကွန်ဖရင့်မှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်က တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးကို အခုနှစ်မှာ အဆင့်သစ်တစ်ခုဆီကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတတယ်။ ခေါင်းဆောင်နှစ်ဦးက
နိုင်ငံတကာသတင်း အမေရိကန်

အဖွင့်ဆုတောင်းပွဲအတွင်း ဆရာတော် မာရီယန် ဘတ်ဒီက လူတွေကို သနားကြင်နာဖို့ ထရန့်ကို တိုက်ရိုက်အသနားခံခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃) ရက်။ ဘတ်ဒီသည် ဝါရှင်တန်အမျိုးသားဘုရားကျောင်းတော်ကြီး (Washington National Cathedral) တွင် “ အခုအခါ ကြောက်လန့်နေကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံရှိ လူတွေကို သနားကြင်နာပါ” လို့ သူမရဲ့ တရားဟောပြောချက်မှာ သမ္မတကို
နိုင်ငံတကာသတင်း အာရှ

ဆန္ဒအလျောက် ပုလိပ်အဖြစ် တာဝန်ထမ်းဆောင်သူ အိန္ဒိယရဲက မုဒိမ်းကျင့်သတ်ဖြတ်မှု ကျူးလွန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 13 Views
ဇန်နဝါရီလ (၂၂) ရက်။ အသက် (၃၁) နှစ်အရွယ် အငယ်တန်းဆရာဝန်မလေးကို မုဒိမ်းကျင့်သတ်ဖြတ်မှုတွင် အိန္ဒိယရဲက ကျူးလွန်ခဲ့တဲ့အတွက် လူထုကို အမျက်ဒေါသထွက်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကာလကတ္တားမြို့က ဆေးရုံတစ်ရုံမှာ အငယ်တန်းဆရာဝန်မလေးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရဲတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန်

LGBTQ စုံတွဲများသည် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အလျင်အမြန် လက်ထပ်ကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 14 Views
ဇန်နဝါရီလ (၂၁) ရက်။ ၂၀၂၄ ရွေးကောက်ပွဲ၏ရလဒ်များသည် LGBTQ စုံတွဲအချို့ကို အထူးစိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်။ မကြာသေးမီက ဗဟိုတရားရုံးချုပ်၏ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် တရားရုံးချုပ် တရားသူကြီးများ၏ ထင်မြင်ယူဆချက်များကြောင့် သမ္မတ ဒေါ်နယ်ထရန့် ၏ ပထမဆုံး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အမိန့်ဖြင့် ဇန်န၀ါရီလ ၆ ရက်နေ့ လွှတ်တော်အကြမ်းဖက်သိမ်းပိုက်မှုတွင် ပါဝင်သူနှစ်ဦးကို စတင်လွှတ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ ၂၁ ရက်။ သမ္မတထရန့်သည် ဝါရှင်တန်ဒီစီ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော ဇန်န၀ါရီလ ၆ ရက်နေ့တွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားများကို သူသမ္မတဖြစ်လာသည့် ပထမနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ရာထူးပြန်လည်စတင်သည့်နေ့ သန်းခေါင်ယံမတိုင်မီလေးတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်တို့က အမျိုးသမီး ဓားစာခံ ၃ ဦး ပထမဆုံး ပြန်လွှတ်မည်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 18 Views
ဇန်နဝါရီလ (၁၉) ရက်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို သတ်မှတ်ထားချိန်ထက် ၃ နာရီနောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးမတိုင်မီအထိ အစ္စရေးတို့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၁၉ ဦးသေဆုံးသွားခဲ့ကာ ၃၆