နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာထဲက တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူပြီး စစ်ရေးအရှိန်ကို အစ္စရေးလျှော့ချ

အစ္စရေးအနေနဲ့ ဂါဇာထဲက တင့်ကားတွေကို ပြန်ခေါ်ပြီး နည်းဗျူဟာတွေကို ပြောင်းလဲကာ တပ်ဖွဲ့ဝင်အရေအတွက်ကို လျှော့ချသွားမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာထားပေမယ့် ပါလက်စတိုင်းနယ်မြေအတွင်းက အခြားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှ လူပေါင်း 2 သောင်းကျော် အသက်သေဆုံးခဲ့ရပြီး 2.3 သန်းကျော်ကို အိုးမဲ့၊အိမ်မဲ့ ဒုက္ခသည်ဖြစ်စေခဲ့တဲ့အထိ တိုက်ခိုက်ခဲ့ပေမယ့် ဒီစစ်ပွဲဟာ နောက်ထပ် လပေါင်းများစွာ ကြာမြင့်နေဦးမယ်လို့ အစ္စရေးက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ အစ္စရေးစစ်ဘက်အရာရှိတွေက ဂါဇာထဲမှာရှိတဲ့ စစ်အင်အားကိုလျှော့ချပြီး တပ်ဖွဲ့ဝင်အချို့ကသာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေဆက်လုပ်သွားမှာဖြစ်တယ်လို့ ပြောဆိုလာခဲ့တာပါ။

အစ္စရေးရဲ့ဆုံးဖြတ်ချက်ဟာ ဂါဇာကို အပျက်အဆီ အထိအခိုက်နည်းပါးစေမယ့် နည်းဗျူဟာအဖြစ် ကူးပြောင်းစေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတစ်ဦးကဆိုပါတယ်။ ဂါဇာမှာ အစ္စရေးက စစ်ရေးအရှိန်လျှော့တော့မယ်လို့ ထုတ်ဖော်ပြောဆိုပြီး မရှေးမနှောင်းမှာပဲ ပဋိပက္ခဖြစ်ပွါးချိန်ကစပြီး ရောက်ရှိနေတဲ့ အမေရိကန် အမေရိကန်လေယာဉ်တင်သင်္ဘော Gerald R Ford ဟာ မြေထဲပင်လယ်ထဲကနေ ပြန်လည်ထွက်ခွါသွားပြီလို့လည်း သိရပါတယ်။

ဂါဇာမှာ စစ်အင်အားလျှော့ချလိုက်ပြီဖြစ်လို့ အရံတပ်သားတွေအနေနဲ့ အရပ်သားအဖြစ် ပြန်လည်နေထိုင်ခွင့်ပြုမှာဖြစ်ပြီး လက်ဘနွန်နယ်စပ်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ တိုက်ပွဲ ပြင်းထန်လာမယ်ဆိုရင်တော့ တပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူသွားမှာဖြစ်တယ်လို့ အစ္စရေးစစ်ဘက်အရာရှိကပြောပါတယ်။ ဂါဇာပဋိပက္ခဖြစ်ပွါးချိန်ကစပြီး လက်ဘနွန်နိုင်ငံထဲမှာ အခြေစိုက်လှုပ်ရှားတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးကို ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်လေ့ရှိပြီး အစ္စရေးကလည်း ပြန်လည်တိုက်ခိုက်ခဲ့လို့ တင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လက်ဘနွန်နယ်စပ်နားမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို နယ်စပ်အနီးက ရွာထဲကို တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ကုန်ပစ္စည်းတွင် စည်းကြပ်ခွန်အတွက်ကုန်ကျစရိတ်ကို ဖော်ပြမည့် အမေဇုန်ပြောဆိုချက်ကြောင့် ထရန့်ဒေါထွက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 3 Views
++++++++++++++++++ ဧပြီလ (၃၀) ရက်။ အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်ထ်က ဧပြီ ၂၉ ရက်နေ့က ပြုလုပ်သည့်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့သမတမဲဆွယ်စည်းရုံးစဥ်ကပေးခဲ့သောကတိ (၉) ခု ရက် ၁၀၀ သက်တမ်းအတွင်း ဘယ်လောက် အောင်မြင်ခဲ့သလဲ။

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 6 Views
ဒါကတော့ သူ့ရဲ့ အဓိက မဲဆွယ်စည်းရုံးရေးကတိ ၁၄ ခုမှာ ထရန့်လုပ်ခဲ့တာတွေပါ။ NBC သတင်းသည် ထရန့်၏ကတိဂဝတ်များ မည်မျှအထိ ဖြည့်ဆည်းနိုင်သည်ကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် Times မဂ္ဂဇင်းနှင့် အင်တာဗျူး ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
+++++++++++++++++++++++++++++++ ကနေဒါကို သိမ်းပိုက်ဖို့၊ ရှီကျင့်ဖျင်ကို စကား‌ပြောခြင်း၊ တတိယအကြိမ် အရွေးခံမည့် အခြေအနေ၊ စသည့် TIMEမှ ထရန့် အင်တာဗျူးမှ ရရှိခဲ့သော အချက်(၉)ချက် +++++++++++ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဧပြီလ ၂၂ ရက်နေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ဝန်ကြီးချုပ် ကာနေးက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ထရန့်၏ ခြိမ်းခြောက်မှုများကို ကနေဒါသည် ဘယ်သောအခါမှ အညံ့ခံမည်မဟုတ်ဟုဆို ဧပြီလ (၂၉) ရက်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ မရပ်မနား ရန်စမှုများနှင့် လွန်ကဲသော ကုန်သွယ်ရေး စည်းကြပ်ခွန်များ လွှမ်းမိုးထားသော မဲဆွယ်ပွဲအပြီး အင်္ဂါနေ့အစောပိုင်းတွင် ဖက်ဒရယ်ရွေးကောက်ပွဲတွင် အောင်ပွဲရကြောင်း ကြေညာပြီးသည့်နောက်တွင်
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်ကို လူထုထောက်ခံမှုကျဆင်း

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 16 Views
ဧပြီလ (၂၈) ရက်။ ယခုလ ၂၉ ရက်နေ့တွင် သမ္မတထရန့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပေါင်း ၁၀၀ ပြည့်မြောက်မည့်နေ့ရက် ဖြစ်သည်။ သမ္မတထရန့်၏ လူထုထောက်ခံမှုအဆင့်သည် ၃၉% သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ဝါရှင်တန်ပို့စ်၊
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အောင်ပွဲနေ့အတွက် ယူကရိန်းတွင် တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲရန် ပူတင်က အမိန့်ပေး

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 15 Views
ဧပြီလ (၂၈) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံကို အောင်ပွဲခံခဲ့သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ လာမည့်သီတင်းပတ်၏ အောင်ပွဲနေ့အတွက် ယူကရိန်းတွင် ယာယီအပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်လိုက်သည်။ ကရင်မလင်က ထုတ်ပြန်သည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကနေဒါနိုင်ငံ ဗင်ကူးဗား (Vancouver) မြို့မှာ ကျင်းပတဲ့ ဖိလစ်ပီနိုပွဲတော်မှာ ကားနှင့် ဝင်တိုက်သတ်လို့ လူကိုးဦး သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ဗင်ကူးဗားမြို့တွင် စနေနေ့ညက ကျင်းပနေသည့် ဖိလစ်ပိုင်အမွေအနှစ် လမ်းဘေးပွဲတော်တစ်ခု၌ ယာဉ်မောင်းတစ်ဦးက ကားနှင့်တိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ ပွဲတော်လာတက်သူအချို့က သံသယရှိသူအား လိုက်လံဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က အသက်၃၀
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည်