နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရပ်ဘက်အဆောက်အအုံကနေ ပစ်ခတ်လာရင် စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မယ်လို့ စစ်ကောင်စီဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

“အရပ်ဘက်အဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားတဲ့နေရာ၊ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ် မပစ်ခတ်မခြင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၃၀) ရက်နေ့က အသိပေးပြောကြားထားပါတယ်။

ကျောက်မဲတရုတ်သင်္ချိုင်းအနီးနဲ့ မောင်ဖုန်းတောင်အဆင်းလမ်းတို့မှာ TNLA ၊ KIA, MNDAA, PDF တံဆိပ်ပါတဲ့ အလောင်းပေါင်းမြောက်များစွာတွေ့ရှိခဲ့လို့ မြိုနယ်လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းရှင်းလင်းခဲ့ရတယ်လို့လည်း သူက ပြောဆိုထားပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာမြိုသိမ်းတိုက်ပွဲဆင်နွှနေတယ်။ တပ်ဘက် ကနေ ဘယ်လောက်ကျ ဆုံးတယ်ဆိုတာမျိုး တွေထုတ်လွှင့်နေတာရှိပါတယ်။ အာ့သတင်းထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးပဲ ဖြစ်ပါတယ်။မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာဘယ်လောက်အထိ KIA -PDF အဖွဲများ သေဆုံးဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့ အသိဆုံးပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကကျောက်မဲမှာနိုဝင်ဘာ၂၇ရက်နေ့အဝေးပြေးလမ်းမမှာရှိတဲ့Toll Gateအနီးတစ်ဝိုက်မှာထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အာ့မှာတော့TNLA MNDAA ပူးပေါင်းအဖွဲက ကျဆုံးမှုများစွ ာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ဒေသခံတွေအနေနဲ့အဲ့ဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှမြိုထဲကိုပြန်လာတဲ့အခါအပုပ်နံ့တွေရလိုလိုက်လံရှာဖွေတဲ့အခါမှာတရုတ်သင်္ချိုင်းအနီးသေဆုံးနေတဲ့TNLA၊KIA၊MNDAA၊PDFတံဆိပ်ပါတဲ့အလောင်းပေါင်းမြောက်များစွာတွေ့ရှိခဲ့ရပါတယ်။ မြိုနယ်လူထုနဲ့လုံခြုံရေးတပ်ဖွဲများပူးပေါင်းရှင်းလင်းခဲ့ရပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင်အဆင်းလမ်းမှာလည်း ဒီအတိုင်း ပစ်ချခဲ့တဲ့ အခုနအဖွဲယူနီဖောင်းပါတဲ့အလောင်းတွေ တွေ့ခဲ့ရပါတယ်။

ဒါတွေကို ကျွန်တော်တို့ရှင်းလင်းရေးဆောင်ရွက်နေပါတယ်။ ဒါနဲ့ပါတ်သက်ပြီးပြောချင်တာကတော့ ပြည်ပမှာနေထိုင်နေတဲ့တိုင်းဖျက်ပြည်ဖျက်ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပကနေပြီးအသံကောင်းဟစ်နေတဲ့တိုင်းဖျက်ပြည်ဖျက်အနောက်အားကိုးမီဒီယာများရဲ့မြှောက်ပင့်မှု၊ကောလဟလတွေကြောင့်ကျွန်တော်တိုမြန်မာနိုင်ငံမှာသေဆုံးရတဲ့သူမနည်းပါဘူး။

ပြောခဲ့သလိုပါပဲ ဒီသေဆုံးရတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။တပ်မတော်ဘက်ကဘဲ ကျဆုံးသည်ဖြစ်စေ၊ ရန်သူဘက်ကသေဆုံးသည်ဖြစ်စေ။ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ ကျွန်တော်တို နိုင်ငံသည်လွတ်လပ်ရေးရပြီးကတည်းကပြည်တွင်းသောင်းကျန်းမှုနဲ့ကြုံတွေ့ခဲ့ရပြီးတိုင်းပြည်ဖွံဖြိုးသင့်သလောက်မဖွံဖြိုးခဲ့ရပါဘူး။ ခုအချိန်မှာလည်း ဒီဝဲဂယက်ထဲမှာဘဲ ရှိနေတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတွေကိုယခင်ကတည်းကကျွန်တော်တိုကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံတွေက ဦးစီးပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုချိန်မှာလည်း သူတိုပဲ ဦးစီးပြီးလုပ်ဆောင်၊ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကိုကျွန်တော်တိုပြည်သူလူထုတစ်ရပ်လုံးကသတိရှိရမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ာ နမ့်ခမ်း၊ ၁၀၅မိုင် မူဆယ်၊ တာမိုးညှဲဘက်၊ ကယားပြည်နယ်လွိင်ကော်၊ ရခိုင်ပြည်နယ် ပေါက်တေ ာအထက်တန်းကျောင်းအနီးတိုမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“နိုဝင်ဘာ ၃၀ ရက်နေ့အထိ တွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေနဲ့ကတော့ နမ့်ခမ်း၊ ၁၀၅ မိုင်မူဆယ်၊ တာမိုးညှဲဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။ တာမိုးညှဲနဲ့နမ့်ခမ်းမှာတော့ ရန်သူထိခိုက်ကျဆုံးမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ လွိင်ကော် အထကကျောင်းအနီးမှာထိ

တွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာပေါက်တော အထက်တန်းကျောင်းနားထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။

ဒီရန်သူအနေနဲ့ပြည်သူပိုင်အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကို ပစ်ခတ်တယ်၊ ဆေးရုံကို ပစ်ခတ်တယ်ဆိုတဲ့ ကောလဟလသတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေ ဖန်တီးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာအခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံတစ်ခုလို သတ်မှတ်ထားတဲ့နေရာ၊ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ် မပစ်ခတ်မခြင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာ မူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ်ပြောင်းလဲ သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို ခေါင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ၊ ပရဟိတဝန်ထမ်းတွေကို ခေါင်းကို ရိုက်ခဲ့တာ၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာ၊ အခုလို အသိမပေးခင်ကတည်းက ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ပစ်ခတ်ခဲ့တာဟာ စစ်ကောင်စီပဲ ဖြစ်လို့ ဒီအသိပေးချက်ဟာ ဘာမှထူးခြားမလာပါဘူးလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 124 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 81 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို