နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်တင်အမေရိက

အမေရိကန်နိုင်ငံခြားရေးမူဝါဒဗိသုကာ ကစ်ဆင်းဂျား

တရုတ်-အမေရိကန်ဆက်ဆံရေးကို လမ်းဖွင့်ပေးနိုင်ခဲ့သူ၊ ဗီယက်နမ်ကနေ အမေရိကန်တပ်တွေ ထွက်ခွါဖို့ စေ့စပ်ညှိနှိုင်းပေးနိုင်ခဲ့သူ၊ စစ်အေးကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ပါဝါချိန်ခွင့်လျှာတည်ဆောက်မှုကို ချိန်ညှိပေးနိုင်ခဲ့သူ၊ နိုင်ငံတကာဆက်ဆံရေးမှာ ပါးနပ်လိမ္မာမှု၊ ဉာဏ်အမျှော်အမြင်ရှိမှု လိုအပ်ရင် ဒီမိုကရေစီစံချိန်စံနှုန်းတွေကို ချနင်းဖို့ ဝန်မလေးတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားဟာ နိုဝင်ဘာလ (၂၉) ရက်နေ့က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၉၀) ကျော်အရွယ်ထိ အမေရိကန်အစိုးရရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ကစ်ဆင်းဂျားဟာ ကွယ်လွန်ချိန်မှာ အသက် (၁၀၀) ရှိနေပြီ ဖြစ်ပါတယ်။

ကစ်ဆင်းဂျားဆိုတာက ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ဩဇာအကြီးဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရသလို အမေရိကန်ရဲ့ အကျိုးစီးပွါးကို ထင်ဟပ်စေမယ့် သံခင်တမန်ခင်းလမ်းကို ပုံဖော်ပေးတဲ့ အစွန်းရောက်ဝါဒီတစ်ဦးအဖြစ် တလှည့်စီ ချီးကျူးပြောဆိုခံရသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ကစ်ဆင်းဂျားလို ချီးကျူးဂုဏ်ပြုမှုနဲ့ ဝေဖန်ပုတ်ခတ်ပြောဆိုခံရမှု နှစ်မျိုးစလုံးကို ရင်ဆိုင်ရတဲ့ သံတမန်ရေးရာပိုင်းမှာ အခြားသူရှိမယ် မထင်ပါဘူး။

လိုအပ်ရင် အမေရိကန်ရဲ့ ဒီမိုကရေစီစံချိန်စံနှုန်းတွေ၊ လူအခွင့်အရေးတွေကို ဂရုမစိုက်ဘဲ နိုင်ငံရဲ့ရည်မှန်းချက်တွေကို ပြည့်ဝအောင် စွမ်းဆောင်တတ်သူလည်းဖြစ်ပါတယ်။ ဂျွန်အက်ဖ်ကနေဒီကနေ အခုနောက်ဆုံး သမ္မတဂျိုးဘိုင်ဒန်အထိ အမေရိကန်သမ္မတ (၁၂) ဦးကို အကြံဉာဏ်တွေပေးခဲ့သူဖြစ်လို့ သူ့လောက် သံတမန်ရေးရာပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သူ ရှိမယ် မရှိပါဘူး။ ဂျူးနွယ်ဖွားဒုက္ခသည်တစ်ယောက်အဖြစ် အမေရိကကို ရွှေ့ပြောင်းလာခဲ့သူ ကစ်ဆင်ဂျာဟာ ဘဝတစ်လျှောက်လုံး ဘာဘေးရီးယန်းလေသံ မပျောက်ပေမယ့် သူ့ရဲ့ မွေးစားနိုင်ငံဖြစ်တဲ့ အမေရိကန်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သလို သူ့ကြောင့် အမေရိကန်ရဲ့ ကမ္ဘာကြီးနဲ့ဆက်ဆံရေးဟာ အမျိုးမျိုးပြောင်းလဲလာခဲ့ရတာပါ။

ဒါကြောင့်လည်း သူကွယ်လွန်ချိန်မှာ အိမ်ဖြူတော်က အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုလို့ ဂုဏ်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမိုင်းနဲ့ သံခင်းတမန်းခင်းမှာ အရေးပါတဲ့အချိန် သမ္မတရစ်ချတ်နစ်ဆင်ရဲ့ အတွင်းလူအဖြစ် ကစ်ဆင်းဂျား ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီမှာ အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကစ်ဆင်းဂျားဟာ 1973 မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း ခန့်အပ်ခံရပြီး ရာထူးနှစ်ခုကို တပြိုင်နက်တည်းထမ်းဆောင်ခဲ့ပါတယ်။ သမ္မတနစ်ဆင် ရာထူးက နုတ်ထွက်ချိန်မှာ နောက်တက်လာတဲ့သမ္မတ ဂျယ်ရယ်ဖို့ဒ်လက်ထက်မှာလည်း နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့တာပါ။

ကစ်ဆင်းဂျားဟာ နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ချိန်မှာ သမ္မတနစ်ဆင်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ပြီးမြောက်အောင်မြင်စေဖို့အတွက် တရုတ်နဲ့ဆက်ဆံရေးကို လမ်းဖွင့်ကာ လျှို့ဝှက်ဆွေးနွေးမှုပြုလုပ်ခဲ့သလို စစ်အေးတိုက်ပွဲရဲ့ အဆုံးအဖြတ်အဖြစ် ဆိုဗီယက်ယူနီယံကိုလည်း ခွဲထုတ်ဖို့ ကြိုးစားပြီး ရှုပ်ထွေးလှတဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ပုံဖော်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု သူကွယ်လွန်ချိန်မှာ အမေရိကန်ဟာ ကမ္ဘာ့စူပါ ပါဝါအကြီးဆုံးနိုင်ငံ၊ စီးပွါးရေးအရ ဒုတိယအအောင်မြင်ဆုံးနေရာမှာ ရပ်တည်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေးနဲ့ နည်းပညာအင်အားကြီးထွားလာတဲ့ စိန်ခေါ်မှုတွေမှာလည်း ကစ်ဆင်းဂျားဟာ အမေရိကန်အစိုးရရဲ့နောက်ကွယ်က ကူညီဖြေရှင်းပေးခဲ့ရပါတယ်။ တရုတ်နဲ့ဆက်ဆံရေးမှာ ကွန်မြူနစ်ပါတီ ဥက္ကဌကြီး မော်ကနေ နောက်ဆုံး ရှီကျင့်ဖျင့်အထိ ဆက်ဆံခဲ့ရတဲ့ တစ်ဦးတည်းသော အမေရိကန်သံတမန်လည်း ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ကစ်ဆင်ဂျာဟာ ဘေဂျင်းမှာ ရှီကျင့်ဖျင့်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီအချိန်က တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး တင်းမာနေခဲ့ပေမယ့် ရှီကတော့ ကစ်ဆင်ဂျာကို တခမ်းတနားနဲ့ကို နွေးနွေးထွေးထွေးကြိုဆိုခဲ့တာပါ။

ကစ်ဆင်းဂျားအနေနဲ့ ဆိုဗီယက်ယူနီယံကို မတူညီတဲ့စနစ်နှစ်ခုကြားအတူယှဉ်တွဲနေထိုင်မယ့် ဆွေးနွေးပွဲဆီ ဖိတ်ခေါ်ကာ နှစ်နိုင်ငံကြား နူကလီးယားလက်နက်ထိမ်းချုပ်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သလို အမေရိကန်ပါဝင်တဲ့ ဗီယက်နမ်စစ်ကို အဆုံးသတ်ဖို့အတွက် ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာ နှစ်ပေါင်းများစွာဆွေးနွေးပြီး ငြိမ်းချမ်းရေးသဘောတူညီချက်ကို စေ့စပ်အကောင်အထည် ဖော်နိုင်ခဲ့လို့ ၁၉၇၃ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပါတယ်။

ကစ်ဆင်းဂျားဟာ ဆိုဗီယက်ယူနီယံကို လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်မှုတွေအတွက် စွပ်စွဲပြောဆိုမှုတွေရှိပေမယ့် တစ်ဖက်မှာတော့ ချီလီအာဏာရှင် အော်ဂတ်စ်တို ပီနိုချက်လို ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်တဲ့ ကမ္ဘာတဝန်းက အစိုးရတွေကို အားပေးအားမြှောက်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။

အဆိုးရွားဆုံးကတော့ ဗီယက်နမ်စစ်ပွဲမှာ မြောက်ဗီယက်နမ်ကို လက်နက်သယ်ယူဖို့ နယ်မြေဖြတ်ကျော်ခွင့်ပေးခဲ့တဲ့ ကမ္ဘောဒီယားကို တန်ချိန် ၂ သန်းကျော်တဲ့ ဗုံးတွေကြဲစေခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဗုံးဒဏ်ကြောင့် ကမ္ဘောဒီယားမှာ အရပ်သား ၅ သောင်းကျော် အသက်သေဆုံးခဲ့ရပြီး ကစ်ဆင်းဂျားလည်း စစ်ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၆၉ ကနေ ၁၉၇၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကစ်ဆင်းဂျားဟာ နောက်ကွယ်ကနေ အမေရိကန်အစိုးရရဲ့ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့တာ နောက်ဆုံး အသက် ၁၀၀ အထိပဲဖြစ်ပါတယ်။

ဂျူးလူမျိုးဖြစ်တဲ့ ကစ်ဆင်းဂျားဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို လိုသလို ပုံပေါ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဗိသုကာတစ်ဦးအဖြစ် အမေရိကန်သမိုင်းမှာ သတ်မှတ်ခြင်းခံခဲ့ရသလို သူကွယ်လွန်ချိန်မှာ ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း ကစ်ဆင်းဂျားရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်အတွက် ချီးကျူးဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 35 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 38 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက