နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

သမ္မတအဖြစ် ဝင်ရောက်အရွေးခံတော့မည်မဟုတ်ဟု ဘိုင်ဒင်ကြေညာ

++++++++++++++++++++++++++++++++++++++

ဇူလိုင်လ (၂၂) ရက်။

အမေရိကန် သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ဖိုနဲ့ သူသမ္မတအဖြစ် ပြန်လည်အရွေးမခံဖို့တော့ဘူးလို့ သမ္မတဘိုင်ဒင်က မနေ့က ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ။ ပြန်အရွေးခံဖို ရည်ရွယ်ချက်ရှိပေမယ့် လက်ရှိတာဝန်တွေကိုသာ အာရုံစိုက်ဖို့ကသာ ကျွန်တော်ရဲ့ပါတီနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ထပ်ပြီး အရွေးမခံတော့ဘဲ ကျန်ရှိနေတဲ့ သမ္မတတာဝန်တွေကိုပဲ ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ ရေးသားဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အခုသီတင်းပတ်နှောင်းပိုင်းမှာ အမေရိကန်ပြည်သူတွေကို အသေးစိပ် ကြေညာသွားမယ်လို့လည်း ပြောဆိုထားပါတယ်။ အမေရိကန်သမ္မတအဖြစ် သူရဲ့အောင်မြင်မှုတွေကိုလည်း ပြောကြားခဲ့ပါတယ်။

သမ္မတဘိုင်ဒန်ဟာ ကြီးမားတဲ့ ဖိအားပေးမှု့တွေကြောင့် နောက်ဆုံးမှာတော့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်လိုက်ပြီလို့ မနေ့က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ရပါတယ်။ စနေနေ့အထိ ဘိုင်ဒန်ဟာ သူကပဲ သမ္မတ ဝင်ပြိုင်မယ်လို့ ပြောဆိုနေခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရက်တစ်အမတ် ၄၀ % လောက်က နောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အပြင် သူ့ကိုအခိုင်အမာ ထောက်ခံနေတဲ့ သမ္မတဟောင်း အိုဘားမားကလည်း ပြန်စဉ်းစားဖို့ ပြောခဲ့ပြီး ပါတီမှာ သြဇာကြီးတဲ့ နန်စီပလိုစီကလည်း သူ့ကို ထောက်ခံနေရာကနေ နောက်ဆုတ်ပေးသင့်ကြောင်း အတိအလင်း ပြောင်းလဲပြောဆိုလာခဲ့ပါတယ်။ ပါတီတွင်းမှာရော ဒီမိုကရက်တစ်ထောက်ခံတဲ့သူတွေကြားထဲမှာရော ဘိုင်ဒန်ကို ထောက်ခံသူတွေ ကျဆင်းလာခဲ့ပါတယ်။ ဘိုင်ဒင်ကတော့ မိသားစုအတွင်းဆွေးနွေးခဲ့ပြီး အခုလို ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

ဘိုင်ဒန်က ဒုသမ္မတ ကာမာလာဟဲရစ်ကို သမ္မတလောင်းအဖြစ် ရွေးကောက်သင့်ကြောင်း ထောက်ခံသွားပါတယ်။

သမ္မတဟောင်းကလင်တန်နဲ့ သူ့ရဲ့ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလရီကလင်တန်တို့ကလည်း ဟဲရစ်ကိုထောက်ခံတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတဟောင်းအိုဘားမားကလည်း ဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်ကို ချီးကျူးလိုက်ပေမယ့် ကာမာလာဟဲရစ်ကို သမ္မတလောင်းအဖြစ် ထောက်ခံတယ် မထောက်ခံဘူးဆိုတာကိုတော့ မပြောဆိုခဲ့ပါဘူး။ အိုဘားမားလိုပဲ နန်စီပလိုစီကလည်း ကာမာလာဟဲရစ်ကို ထောက်ခံတယ်ဆိုတာနဲ့ပတ်သက်ပြီး ဘာမှပြောဆိုခြင်း မရှိသေးပါဘူး။

ဒီမိုကရက်တစ် ပါတီတွင်းမှာတော့ သမ္မတလောင်းကို ချက်ချင်းမရွေးချယ်ဘဲ ပါတီတွင်းယှဉ်ပြိုင်ပွဲ လုပ်ပြီးသမ္မတလောင်းတယောက်ကို ရွေးချယ်တင်မြောက်စေချင်တဲ့ဆန္ဒရှိသူတွေလည်း ရှိနေပါတယ်။

ဒါ့ပေမဲ့ လာမယ့်သြဂုတ်လမှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံမှာ သမ္မတလောင်းကို အတိအလင်းကြေညာရမှာဖြစ်တဲ့အတွက် အချိန်လည်း သိပ်မရှိတော့ပါဘူး။

ဘိုင်ဒန်-ဟဲရစ် အတွဲအတွက် ရွေးကောက်ပွဲရန်ပုံငွေတွေကို ဟဲရစ်က ဆက်လက်အသုံးပြုနိုင်မှာဖြစ်လို့ ဘဏ္ဍာရေးအခြေအနေမှာ ဟဲရစ်က တခြားပြိုင်ဖက်တွေထက် အားသာချက်တော့ ရှိနေပါတယ်။ ဒါပေမဲ့ ဟဲရစ်ဟာ လူကြိုက်များတဲ့ သူတယောက် မဟုတ်သလို သူမရဲ့ ဒုသမ္မတ သက်တမ်းတလျှောက်မှာလည်း စွမ်းဆောင်ရည် မပြနိုင်ခဲ့တဲ့အတွက် သူမဟာ သမ္မတအဖြစ် အရည်အချင်းပြည့်မီပါ့မလားဆိုပြီး မေးခွန်းထုတ်နေတဲ့သူတွေလည်း ရှိနေပါတယ်။

အမေရိကန်သမိုင်းမှာ အမျိုးသမီးတွေအတွက် အခုအချိန်ထိ ဖောက်ထွက်လို့မရသေးတဲ့ ဖန်ခေါင်မိုးကလည်း ရှိနေပြန်သေးတော့ ဒီဖန်ခေါင်မိုးကို ဖောက်ထွက်နိုင်မယ့်သူက ဟဲရစ် ဖြစ်လာမလားဆိုတာကတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။

ရီပါပလစ်ကန် သမ္မတဟောင်း ထရမ့်ကို ယှဉ်ပြိုင်နိုင်မယ့် ဒီမိုကရက်တစ်သမ္မတလောင်းက ဘယ်သူ ဖြစ်လာမလဲဆိုတာကိုတော့ မကြာမီတွေ့မြင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ (၅) ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြရတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 47 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက