နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဒုတိယသမ္မတ ကာမလာဟဲရစ်၏ခင်ပွန်းအမ်ဟော့ဖ် သည် ဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများကိုတွေ့ဆုံခဲ့သည်။

CNN

ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့်ခင်ပွန်းဖြစ်သူ ဒေါက်အမ်ဟော့ဖ် (Doug Emhoff) တို့သည် မတ် ၃ ရက်တွင် အလာဘားမားပြည်နယ် မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် (Maxwell) လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ကြသည်  ။ ဒုတိယသမ္မတ ကာမလာဟဲရစ် နှင့် ခင်ပွန်း ဒေါက် အမ်ဟော့ဖ် တို့သည် မတ် ၃ ရက်တွင် အလာဘားမားနိုင်ငံ၊ မောင်ဂိုမာရီ ရှိ မက်စ်ဝဲလ် လေတပ်အခြေစိုက်စခန်းသို့ Air Force Two လေယဉ် ဖြင့်ရောက်ရှိလာပြီး လေယဉ်ပေါ်မှ ဆင်းလာခဲ့ကြသည်။ ဒုသမတခင်ပွန်းဖြစ်သူ ဒေါက် အမ်ဟော့ဖ် သည် ၎င်း၏ဇနီး ဒုသမ္မတ ကာမလာဟဲရစ် ကိုယ်စား ဒီမိုကရက်တစ် အလှူရှင်များနှင့် ထောက်ခံသူများထံသို့ ယနေ့ ဖုန်းများဖြင့်ဆက်သွယ်မှုကို လုပ်ဆောင်နေကြောင်း ရင်းနှီးသော သတင်းရင်းမြစ်တစ်ခုအရ သိရသည်။ ပံ့ပိုးကူညီမှုနှင့် ရန်ပုံငွေရှာဖွေခြင်းတို့ကို အာရုံစိုက်ပြီး ဟဲရစ်သည် သူမ၏သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှုတွင် ပံ့ပိုးကူညီမှုများကို ပေါင်းစည်းရရှိရန် လုပ်ဆောင်ရန် စကားပြောဆိုစည်းရုံးမှုများကိုဗဟိုပြုလျက်ဆောင်ရွက်လျက်ရှိသည်။

သမ္မတ ဂျိုးဘိုင်ဒင် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသောသတင်းကြောင့် ဒီမိုကရက်တစ် အလှူရှင်အချို့က ယခုအချိန်တွင် ပိုမိုစိတ်အားထက်သန်စွာ ထုတ်ဖော်ပြောဆိုလာကြသည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။ ဟဲရစ် သည်ငွေကြေးလိုအပ်မည်ဖြစ်သည်။ ဘိုင်ဒင်-ဟဲရစ် ကမ်ပိန်းနှင့် ၎င်း၏ တွဲဖက်ကော်မတီများသည် ဇွန်လတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့် ၏ နိုင်ငံရေးရန်ပုံငွေရရှိမှု ထက် ကျော်လွန်နေသော်လည်း၊ အသစ်ဖြစ်ပေါ်လာသော မဲဆွယ်မှု အစီရင်ခံစာများတွင် ထရန့် အဖွဲ့သည် ဇူလိုင်လသို့ ဝင်ရောက်လာသည့်အခါ အထွေထွေရွေးကောက်ပွဲတွင် ငွေသားပိုမိုများပြားစွာရရှိနိုင်ကြောင်း ပြသခဲ့သည်။ အမ်ဟော့ဖ် သည်ဘိုင်ဒင်နှင့်ဇနီးဖြစ်သူဂျေးလ်တို့ကို သူတို့ကိုဦးဆောင်မှုပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း တနင်္ဂနွေညနေခင်းက X တွင်ရေးသားခဲ့သည်။

“နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးမှုနဲ့ ပံ့ပိုးကူညီမှုအတွက် သူတို့ ကို အရမ်းကျေးဇူးတင်ပါတယ်။ သမ္မတဘိုင်ဒင်သည် ကျွန်ုပ်တို့နိုင်ငံကို ရိုးသားမှု၊ ၊ သစ္စာရှိမှုတို့ဖြင့် ဦးဆောင်မှုပေးသူဖြစ်ပြီး စစ်မှန်သော မျိုးချစ်စိတ်ရှိသူဖြစ်သည်။ဒုသမတ နှင့်အတူ၊ ၎င်းတို့နှစ်ဦးသည် ကျွန်ုပ်တို့နိုင်ငံတစ်ဝှမ်းရှိ အမေရိကန်များ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် မမောမပန်း တိုက်ပွဲဝင်ခဲ့ကြပါသည်။ သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေ အတွက် ဂုဏ်ယူမိသလို သူတို့ရဲ့ ခေါင်းဆောင်မှုကိုလည်း ကျေးဇူးတင်ပါတယ်”ဟုရေးသား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဥရောပ

ဖော့စဝါ ဘိုင်ယို (Francois Bayrou) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၄) ရက်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဖော့စဝါ ဘိုင်ယို ကို
နိုင်ငံတကာသတင်း အမေရိကန်

ရုပ်သံသတင်းတင်ဆက်သူ ကာရီလိတ်ကို VOA အကြီးအကဲအဖြစ် ထရန့် ရွေးချယ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၂) ရက်။ ရွေးကောက်ခံအမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတင်းတင်ဆက်သူဟောင်းနှင့် သဘောထားတင်းမာသူဟု လူသိများသော ရီပတ်ဗလီကန် အမျိုးသမီး ကာရီလိတ်ကို အမေရိကန်အစိုးရရန်ပုံငွေနှင့် လည်ပတ်နေသည့် ဗွီအိုအေ (အမေရိကန်အသံ) ၏ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်လိုက်ပါသည်။ သူမသည် ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့သည့် ဆီးနိတ်အမတ်ရွေးကောက်ပွဲတွင်
နိုင်ငံတကာသတင်း အမေရိကန်

ဘိုင်ဒင်သည် ထောင်ဒဏ် အမှု ၁၅၀၀ကို လျော့ပေါ့ပေးလိုက်ပြီး အကြမ်းမဖက်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၂) ရက်။ ဤလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုသည် ဘိုင်ဒင်၏လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၏ နောက်ဆုံးအကြိမ် မဟုတ်ကြောင်း အိမ်ဖြူတော်က အရိပ်အမြွက် ပြောကြားခဲ့သည်။ “ အကြမ်းမဖက်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်မှာ ခြေချုပ်ချထားတဲ့ လူပေါင်း
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားနိုင်ငံတဝှမ်း သမိုင်းဝင် လှုပ်ရှားမှုများတွင် အာဆတ်အစိုးရစစ်တပ်၏ ၈၀ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့သည်ဟု အစ္စရေးစစ်တပ် IDF ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၂) ရက်။ အတိုက်အခံအင်အားစုများက ဒမတ်စကတ်ကို သိမ်းပိုက်ပြီးနောက်၊ အစ္စရေးလေတပ်နှင့် ရေတပ်တို့သည် ဒုံးကျည်စခန်းများ၊ ရေတပ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် အခြားအရာများကို အတိုက်အခံအင်အားစုများ လက်ထဲမကျရောက်စေရေးအတွက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ ဆီးရီးယားတွင် ၄၈ နာရီကြာ ဗုံးကြဲတိုက်ခိုက်မှု
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုရဲ့ သင်္ကေတဖြစ်တဲ့ မေဇင်အယ်လ်ဟာမေဒါ (Mazen al-Hamada) သေဆုံးသွားကြောင်း အတည်ပြု

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 12 Views
++++++++++++++++++++++++ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဥရောပသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည့် အသက် ၄၇ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ “ ဟာမေဒါ” သည် ၂၀၂၀ ပြည့်နှစ်တွင် ဆီးရီးယားသို့ ပြန်လာပြီးနောက် ချက်ချင်း ဖမ်းဆီခြင်းးခံခဲ့ရသည်။ ယနေ့ ဒီဇင်ဘာလ (၁၂)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် မိုဟာမက် အယ်လ် ဘာရှာ (Mohammed al-Bashir) ကို ခန့်အပ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 14 Views
ဒီဇင်ဘာလ (၁၀) ရက်။ ဆီးရီးယားသမ္မတအားဆတ်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော ဆီးရီးယားအတိုက်အခံများသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်အထိ တာဝန်ထမ်းဆောင်မည့် အသွင်ကူးပြောင်းရေး အစိုးရ၏ အိမ်စောင့် ၀န်ကြီးချုပ်အဖြစ် မိုဟာမက် အယ်လ် ဘာရှာ
နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်သင်္ဘောများ ထိုင်ဝမ်တစ်ဝိုက်တွင် လှည့်ပတ်နေပြီး စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၀) ရက်၊ ထိုင်ပေ/ဟောင်ကောင်။ ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်ရေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အနောက်ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်ရှိ ရေပြင်တွင် ပုံစံမျိုးစုံဖြင့် လှည့်ပတ်နေကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်၏စစ်ရေးလေ့ကျင့်မှုများအတွက် ထိုင်ဝမ်က ပြင်ဆင်မှုများ ပြုလုပ်နေသည်။ တရုပ်စစ်တပ် (PLA)