နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကုန်းကြမ်းစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသောလက်နက်များကို MNDAA ရုပ်သံသတင်းထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကိုးကန့်တပ် (MNDAA) ဟာ ကုန်းကြမ်းတပ်စခန်းကို ပြန်လည်သိမ်းယူရန်အတွက် ထိုးစစ်ဆင်တိုက် ခိုက်မှုများကို စတင်ဖော်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ (၂၄) ရက်နေ့မှာပဲ ကိုးကန့်တပ် (MNDAA) ဟာ ကုန်းကြမ်းရဲ့ မြောက်ဘက်ခြမ်း မန်းမော်စခန်းကို ဦးစွာတိုက်ခိုက်သိမ်းယူလိုက်ပြီး နောက်အင်အားတစ်စုကို မန်းမော်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်လက်ကျန်တွေကို ရှင်းလင်းဖို့ တာဝန်ပေးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေက ချင်ချိုင့်ထန်နေရာက ကုန်းကြမ်းပတ်လည်ကို လျင်မြန်စွာ ထိုးစစ်ဆင် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၂၅) ရက်နေ့မှာတော့ ရဲ့ထောက်လင်ကတဆင့် တာကုန်းကြမ်း၊ တာချလူနဲ့ ကုန်းကန်တောင် နေရာကို ချီတက်လာခဲ့ပြီး ကုန်းကြမ်းတပ်စခန်းကြီးကို (C) ပုံသဏ္ဍာန်နဲ့ ဝန်းရံခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၂၆) ရက်နေ့မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်းတွေကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၂၇) ရက်နေ့မှာတော့ ရှင်းကိုင်း (ရဲတပ်ဖွဲ့နေတောင်ကုန်း) နဲ့ အမှတ်(၁) (၂ ) စခန်းတို့ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၂၇) ရက်နေ့ မနက်မှာ စေတီကြီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်းကြမ်းတပ်စခန်းကြီးကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်တပ် (MNDAA) ရဲ့ (၅) ရက်တိုင်တိုင် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ (၂၈) ရက်နေ့မှာ ကုန်းကြမ်းတပ်စခန်းကြီးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတပ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနလက်အောက်က ခလရ (၁၂၅) တစ်ရင်းလုံး အလံဖြူမြှောက်ပြီး လက်နက်ချ အရှုံးခံခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ (၁၀) ယောက် သေဆုံးတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၂၈) ရက်နေ့မှာ ကုန်းကြမ်းတပ်စခန်းက လက်နက်ချသူနဲ့ ဖမ်းဆီးခံရသူများ (စစ်တပ်မိသားစု) အပါအဝင် စုစုပေါင်း (၂၇၂) ယောက်ထက်မက ရှိတယ်လို့ သိရပါတယ်။ အသေးစိတ်ကို စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

MNDAAမှ ကုန်းကြမ်းတပ်စခန်းကြီးက သိမ်းဆည်းရရှိတဲ့လက်နက်များ

၇၆ မမအမြောက်ကြီး (၁)လက် ၊ ၆၀ မမ မှ ၁၂၀ မမ စိန်ပြောင်းအမြောက်အများအပြား၊ နောက်ပွင့်စိန်ပြောင်း (၂) လက်၊ စက်သေနတ်ကြီးနှင့် ရိုင်ဖယ်တွေကို အမြောက်အများ သိမ်းဆည်းရရှိခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်နိုင်ပါတယ်။

Source: The Kokang

https://www.facebook.com/ErasEye/videos/160416633829516

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 40 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 46 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 44 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ