နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး-ဟားမက်စ်အရေး လွှမ်းမိုးနေတဲ့ COP28 ညီလာခံ

ကမ္ဘာကြီးပူနွေးလာမှုကို ကန့်သတ်လျှော့ချနိုင်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဒူဘိုင်းမြို့ကို အသီးသီးရောက်ရှိလာခဲ့ပေမယ့်​ အဲဒီညီလာခံကတော့ အစ္စရေး-ဟားမက်စ် ပဋိပက္ခကပဲ လွှမ်းမိုးနေပါတယ်။ ရာသီဥတုဆိုင်ရာညီလာခံကို တက်ဖို့ ရောက်လာတဲ့ ဗြိတိန် ချားလ်ဘုရင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန် အစရှိတဲ့ နိုင်ငံခေါင်းဆောင်တွေကို ဒူဘိုင်းမြို့ရဲ့ နေရောင်အောက်မှာ ယူအေအီးနိုင်ငံသမ္မတ ရှိတ်မိုဟာမက် ဘင်ဇာယက် အဲလ်နာယန်က ကြိုဆိုခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးကို ဆွေးနွေးကြမယ့် COP28 ညီလာခံကို ဒီဇင်ဘာလ 1 ရက်နေ့က စတင်ခဲ့ပြီး အဲဒီညီလာခံမှာ ရာသီဥတုကြောင့် နိုင်ငံတွေရဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို စတင်ဆွေးနွေးဖို့ သဘောတူထားကြပါတယ်။ ဒါပေမယ့် နှစ်ပတ်ကြာကျင်းပမယ့်အဲဒီအစည်းအဝေးပွဲမှာ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့ဆိုင်ရာဆွေးနွေးပွဲကစလို့ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုနဲ့ ရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေကို တက်ရောက်လာတဲ့ နိုင်ငံပေါင်း 200 နီးပါးက ကိုယ်စားလှယ်တွေ အကြိတ်အနယ်ဆွေးနွေးကြမှာဖြစ်ပါတယ်။

2023 ခုနှစ်ဟာ အပူဆုံးနှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးထားခဲ့တဲ့အတိုင်း ကမ္ဘာ့နိုင်ငံအသီးသီးဟာ အပူချိန်ကို 1.5 ဆယ်ဆီးယက်စ်လျှော့ချမယ့် ရည်မှန်းချက် မပြီးမြောက်မှာကို စိုးရိမ်နေကြတာပါ။ “အခုတော့ ကျတော်တို့ တကယ်လုပ်ကြရတော့မယ်”လို့ COP28 ညီလာခံရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ အဲလ်ဂျဘားက ပြောပါတယ်။

ညီလာခံပထမနေ့မှာ ဗြိတိန်ရဲ့ ချာလ်ဘုရင်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သလို ယူအေအီးသမ္မတ ရှိတ်မိုဟာမက် ဘင်ဇာယက် အဲလ်နာယန်က ရာသီဥတုပြုပြင်ပြောင်းလဲရေးအတွက် ရန်ပုံငွေအဖြစ် ဒေါ်လာဘီလျံ 30 မတည်ကြောင်းကြေညာခဲ့ပါတယ်။သောကြာနေ့နဲ့ စနေနေ့တွေမှာ နိုင်ငံပေါင်း 140 ခန့်က ဘုရင်တွေ၊ သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေ မိန့်ခွန်းပြောကြဦးမှာဖြစ်ပါတယ်။ COP28 ညီလာခံမှာ အစ္စရေးသမ္မတ အီဆတ်ဟာဇော့ဟာ ယူအေအီးသမ္မတနဲ့ တွေ့ဆုံခဲ့သလို ပါလက်စတိုင်းသမ္မတ မာမက်အဘတ်ကလည်း ညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲတွေနဲ့အတူ အစ္စရေး-ဟားမက်စ် ပဋိပက္ခကိုလည်း ထည့်သွင်းဆွေးနွေးကြမယ့်အစီအစဉ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံကိုယ်စားပြုပြီး ညီလာခံကိုတက်ရောက်လာတဲ့ ဒုသမ္မတ ကာမယ်လာဟားရစ် အနေနဲ့ COP28 ညီလာခံမှာ အစ္စရေး-ဟားမက်စ်အရေးကို ဆွေးနွေးမှုအချို့ပြုလုပ်သွားမှာဖြစ်တယ်လို့ အိမ်ဖြူတော်က တရားဝန်ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က အစ္စရေးနဲ့ဟားမက်စ်တို့ သဘောတူညီချက်ရယူကာ 6 ရက်ကြာ အပစ်အခတ်ရပ်ဆဲခဲ့ကြပြီး အခုအခါမှာ အစ္စရေးက ဂါဇာဒေသကို ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အဲဒီအရေးကို အာရပ်နိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံအချို့ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက